ဧဖက်အသင်းတော်သို့
1 ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။- 2 သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကိုလည်းကောင်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုလည်းကောင်း၊- 3 ခန္တီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်းကိုလည်းကောင်း ငါသိ၏။- 4 သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။- 5 ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွှေ့မည်။- 6 သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။- 7 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။က၊ ၂:၉။ ဗျာ၊ ၂၂:၂။
စမုရနအသင်းတော်သို့
8 စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊-ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊၂၂:၁၃။9 သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။- 10 သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။- 11 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။ဗျာ၊ ၂၀:၁၄၊၂၁:၈။
ပေရဂံအသင်းတော်သို့
12 ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက်ရှိသော သူ၏ အမိန့်တော်ကား၊- 13 သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။- 14 သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။-တော၊ ၂၂:၅၊၇၊ ၃၁:၁၆။ တရား၊ ၂၃:၄။ တော၊ ၂၅:၁-၃။15 ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသောသူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။- 16 ထိုကြောင့် နောင်တရလော့။ မရလျှင် သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။- 17 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မန္နကိုလည်းကောင်း၊ ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသောသူမှတစ်ပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။ထွ၊ ၁၆:၁၄-၁၅၊ ၁၆:၃၃-၃၄။ ယော၊ ၆:၄၈-၅၀။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။
သွာတိရအသင်းတော်သို့
18 သွာတိရမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြေးဝါစစ်နှင့်တူသော ခြေနှင့်လည်းကောင်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊- 19 သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကိုလည်းကောင်း နောက်ကျင့်သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကိုလည်းကောင်း ငါသိ၏။- 20 သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှာလည်းကောင်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သော သင်၏ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာရှိ၏။-၃ရာ၊ ၁၆:၃၁။ ၄ရာ၊ ၉:၂၂၊၃၀။21 နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တရချင်သော စိတ်မရှိ။- 22 ထိုကြောင့်၊ သူ့ကို အိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကို နောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။- 23 သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။-ဆာ၊ ၇:၉။ ယေ၊ ၁၇:၁၀။ ဆာ၊ ၆၂:၁၂။
24 ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ်သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကို မယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။- 25 ထိုမှတစ်ပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။- 26 အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူအား ငါသည် အခွင့်ပေးမည်။- 27 ထိုသူသည် သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။-ဆာ၊ ၂:၈-၉။28 မိုးသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။- 29 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။
给以弗所教会的信
1 "你要写信给在以弗所教会的使者,说:
‘那右手拿着七星,在七个金灯台中间行走的,这样说:2 我知道你的行为、你的劳苦、你的忍耐,也知道你不能容忍恶人。你也曾经试验那些自称是使徒,而其实不是使徒的人,看出他们是假的。3 你有忍耐,曾为我的名的缘故忍受一切,并不困倦。4 然而有一件事我要责备你,就是你已经离弃了你起初的爱。5 所以,你应当回想你是从哪里坠落的,并且要悔改,作起初所作的事。你若不悔改,我就要来到你那里,把你的灯台从原处移去。6 不过你有这一个优点,就是你恨恶尼哥拉党的作为,那也是我所恨恶的。7 圣灵向众教会所说的话,有耳的就应当听。得胜的,我必定把 神乐园里生命树的果子赐给他吃。’
给士每拿教会的信
8 "你要写信给在士每拿教会的使者,说:
‘那首先的、末后的、曾经死去而又活过来的,这样说:9 我知道你的患难和贫穷,但你却是富足的。我也知道那些自称是犹太人所说毁谤的话,其实他们不是犹太人,而是撒但的党徒。10 你不要怕你将要受的苦。看哪!魔鬼将要把你们中间几个人下在监里,叫你们受试炼,你们要受患难十天。你要忠心至死,我就把那生命的冠冕赐给你。11 圣灵向众教会所说的话,有耳的就应当听。得胜的,决不会受第二次死的害。’
给别迦摩教会的信
12 "你要写信给在别迦摩教会的使者,说:
‘那有一把两刃利剑的,这样说:13 我知道你居住的地方,就是撒但王座所在的地方。当我忠心的见证人安提帕在你们那里,就是在撒但居住的地方被杀的那些日子,你还持守我的名,没有否认对我的信仰。14 然而有几件事我要责备你,因为在你那里有些人持守巴兰的教训。这巴兰曾经教导巴勒把绊脚石放在以色列人面前,叫他们吃祭过偶像的食物,并且行淫乱。15 同样,你也有些人持守尼哥拉党的教训。16 所以,你应当悔改;如果不悔改,我就很快地来到你们那里,用我口中的剑跟他们作战。17 圣灵向众教会所说的话,有耳的就应当听。得胜的,我必定把那隐藏的吗哪赐给他,并且赐他一块白石,石上写着新的名字,这名字除了那领受的人以外,是没有人能知道的。’
给推雅推拉教会的信
18 "你要写信给在推雅推拉教会的使者,说:
‘ 神的儿子,那眼睛像火焰、两脚像光铜的,这样说:19 我知道你的行为,你的爱心、信心、服侍和忍耐,也知道你后来所作的比先前的还要多。20 然而有一件事我要责备你,就是你容让那自称是先知的妇人耶洗别,教导和引诱我的众仆人行淫乱,吃祭过偶像的食物。21 我曾给她时间,让她悔改,她却不肯为她的淫行悔改。22 看哪,我要把她拋在大患难的床上;那些跟她行淫乱的人,如果不为她的行为悔改,我也要把他们拋在大患难中。23 我必以死亡击杀她的儿女;众教会就都知道我是察验人肺腑心肠的,我要照着你们的行为报应你们各人。24 至于你们其余在推雅推拉的人,就是不跟从那教训,不认识所谓撒但深奥的事的人,我告诉你们,我不会把别的重担放在你们身上。25 不过,你们要持守已经得着的,直到我来。26 得胜的,又遵守我的旨意到底的,
我必把统治列国的权柄赐给他,
27 他必用铁杖治理他们,
好象打碎陶器一样粉碎他们,"我必把……粉碎他们"引自诗2:8~9
好象我从父领受了权柄一样;28 我还要把晨星赐给他。29 圣灵向众教会所说的话,有耳的就应当听。’"