တံဆိပ်များ
1 သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 2 ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။ဇာ၊ ၁:၈၊ ၆:၃၊၆။
3 ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 4 ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။ဇာ၊ ၁:၈၊၆:၂။
5 တတိယတံဆိပ်ကိုညဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။-ဇာ၊ ၆:၂၊၆။6 သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။
7 စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- 8 ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏဟူသောအမည်ရှိ၏။ မရဏနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။ယေဇ၊ ၁၄:၂၁။
9 ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ သက်သေခံချက်ကြောင့်လည်းကောင်း၊ အသေသတ်ခြင်းကိုခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။- 10 သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- 11 ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။
12 ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ ဖြစ်၏။-ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေရှာ၊ ၁၃:၁၀။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။13 သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။-ဟေရှာ၊ ၃၄:၄။14 မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။-ဗျာ၊ ၁၆:၂၀။15 လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊-ဟေရှာ၊ ၂:၁၉၊၂၁။16 ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။-ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။17 အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။ယောလ၊ ၂:၁၁။ မာလ၊၃:၂။
羊羔揭开六个印
1 羊羔揭开了七印的第一个印的时候,我观看,就听见四个活物中的一个,发出好象雷轰的声响,说:"你来!"2 我观看,见有一匹白马;骑在马上的拿着弓,有冠冕赐给他,他就出去,得胜并且要再得胜。
3 羊羔揭开了第二个印的时候,我听见第二个活物说:"你来!"4 就另有一匹红马出来,骑在马上的得了权柄,可以从地上夺去和平,使人互相残杀,又有一把大刀赐给他。
5 羊羔揭开了第三个印的时候,我听见第三个活物说:"你来!"我观看,见有一匹黑马;骑在马上的,手中拿着天平。6 我听见在四个活物中间,仿佛有声音说:"一公升小麦卖一个银币,三公升大麦卖一个银币,油和酒也不可糟蹋。"
7 羊羔揭开了第四个印的时候,我听见第四个活物的声音说:"你来!"8 我观看,见有一匹灰马;骑在马上的,名字叫作"死"。阴间也跟随着他。他们得了权柄可以管辖地上的四分之一,又要用刀剑、饥荒、瘟疫和地上的野兽去杀人。
9 羊羔揭开了第五个印的时候,我看见祭坛底下,有为了 神的道,并且为了自己所作的见证而被杀的人的灵魂。10 他们大声喊叫,说:"圣洁真实的主啊!你不审判住在地上的人,给我们伸流血的冤,要到几时呢?"11 于是有白袍赐给他们各人,又有话吩咐他们要安息一会儿,等到那些与他们同作仆人和弟兄,像他们一样将要被杀的人,凑满了数目的时候。
12 羊羔揭开了第六个印的时候,我观看,大地震就发生了。太阳变黑,像粗糙的黑毛布;整个月亮变红,像血一样;13 天上的星辰坠落在地上,像无花果树被大风摇动,落下还没有成熟的果子。14 天隐退了,像书被卷起来一样;山岭和海岛都从原处移去了。15 地上的君王、大臣、军长、财主、勇士和所有作奴隶的、自由的,都藏在山洞和岩穴里。16 他们向山岭和岩石说:"倒在我们身上吧!把我们藏起来,躲避坐在宝座上那位的面,和羊羔的震怒!17 因为他们震怒的大日子来到了,谁能站立得住呢?"