1 ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တစ်လုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊- 2 သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏အခိုးကဲ့သို့သော အခိုးသည် တွင်းထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။-က၊ ၁၉:၂၈။3 ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။-ထွ၊ ၁၀:၁၂-၁၅။4 မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။-ယေဇ၊၉:၄။5 တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသောဝေဒနာ ဖြစ်စေသောအခွင့် ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။
6 ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။-ယောဘ၊ ၃:၂၁။ ယေ၊ ၈:၃။7 ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှာ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဌာန်နှင့် တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။-ယောလ၊၂:၄။8 ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။-ယောလ၊၁:၆။9 ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။-ယောလ၊၂:၅။10 အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။- 11 သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍လည်းကောင်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်းတမန် ဖြစ်၏။- 12 အမင်္ဂလာတစ်ပါး လွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါး လာလေဦးမည်။
13 ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သောအသံကား၊-ထွ၊ ၃၀:၁-၃။14 ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။- 15 ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။- 16 မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။
17 ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကိုလည်းကောင်း၊ ကန့်၊ မီး၊ ဝှါကိန္သုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။- 18 သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစ်စု သေကြ၏။- 19 အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌လည်းကောင်း၊ အမြီး၌လည်းကောင်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။- 20 ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။-ဆာ၊ ၁၁၅:၄-၇၊ ၁၃၅:၁၅-၁၇။ ဒံ၊ ၅:၂၃။21 ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။
1 第五位天使吹号,我就看见一颗星从天上落到地上,有无底坑的钥匙赐给它。2 它开了无底坑,就有烟从坑里冒出来,好象大火炉的烟,太阳和天空因这坑的烟就都变黑了。3 有蝗虫从烟里出来到了地上;有能力赐给牠们,好象地上蝎子的能力一样。4 有话吩咐牠们,不可伤害地上的草,和所有青翠的东西,以及所有的树木,只可伤害那些额上没有 神印记的人。5 蝗虫没有能力杀死他们,只可使他们受痛苦五个月。他们的痛苦就像人给蝎子螫了的痛苦一样。6 在那些日子,人要求死,却决不得死;切愿要死,死却远离他们。
7 蝗虫的形象,好象是预备好了要上阵的战马一样。牠们头上戴的好象金冠冕,脸像人的面孔,8 牠们的头发好象女人的头发,牙齿好象狮子的牙齿;9 牠们的胸甲像铁甲,牠们翅膀的声音好象许多马车奔驰上阵的声音。10 牠们好象蝎子一样有尾巴和毒刺,牠们的尾巴能伤害人五个月。11 牠们有无底坑的使者作王统治牠们。这王的名字,希伯来话叫阿巴顿,希腊话叫阿波伦。
12 第一样灾祸过去了。看哪,以后还有两样灾祸要来!
13 第六位天使吹号,我听见有一个声音从 神面前金坛的四角发出来,14 对拿着号筒的第六位天使说:"把捆绑在幼发拉底大河的那四个使者放了吧!"15 那四个使者就被释放了,他们已经预备好,要在某年某月某日某时杀害人类的三分之一。16 马兵的数目有二万万;他们这个数目我听见了。17 在异象中,我看见那些马和骑马的是这样:骑马的穿著火红紫青和硫磺色的胸甲,马的头好象狮子头,有火、烟和硫磺从马的口中喷出来。18 马口中喷出来的火、烟和硫磺这三种灾害,杀死了人类的三分之一。19 马的能力是在口中和尾巴上。牠们的尾巴像蛇,并且有头用来伤人。
20 其余没有在这些灾难中被杀的人,仍然不为他们手所作的悔改,还是去拜鬼魔和那些金、银、铜、石头、木头做的,不能看、不能听、也不能走路的偶像。21 他们也不为自己的凶杀、邪术、淫乱和偷盗悔改。