ဗာဗုလုန်မြို့ပြိုလဲခြင်း
1 ထိုနောက်မှ ကောင်းကင်တမန် တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။- 2 သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။-ဟေရှာ၊ ၁၃:၂၁၊ ၂၁:၉။ ယေ၊ ၅၀:၃၉၊ ၅၁:၈။ ဗျာ၊ ၁၄:၈။3 အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသောစပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။ဟေရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။
4 အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲက ထွက်ကြလော့။-ဟေရှာ၊ ၄၈:၂၀။ ယေ၊ ၅၀:၈၊ ၅၁:၆၊၄၅။5 သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။-က၊ ၁၈:၂၀-၂၁။ ယေ၊ ၅၁:၉။6 သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆတိုး၍ လောင်းကြလော့။-ဆာ၊ ၁၃၇:၈။ ယေ၊ ၅၀:၂၉။7 သူသည် ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။-ဟေရှာ၊ ၄၇:၇-၉။8 ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။
9 မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်းလောင်ရာ မီးခိုးကို မြင်သောအခါ၊-ယေဇ၊ ၂၆:၁၆-၁၇။10 သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တစ်နာရီချင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။- 11 လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊-ယေဇ၊ ၂၇:၃၁၊၃၆။12 ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊-ယေဇ၊ ၂၇:၁၂၊၁၃၊၂၂။13 သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တစ်ဖန် မဝယ်ရ။- 14 သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တစ်ဖန် မတွေ့ရ။- 15 သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊-ယေဇ၊ ၂၇:၃၁၊ ၃၆။16 ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊- 17 ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တစ်နာရီချင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍-ဟေရှာ၊ ၂၃:၁၄။ ယေဇ၊ ၂၇:၂၆-၃၀။18 သူကျွမ်းလောင်ရာ မီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍လည်းကောင်း၊-ယေဇ၊ ၂၇:၃၂။19 ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကိုပိုင်သော သူအပေါင်းတို့အား ကိုယ်စည်းစိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တစ်နာရီချင်းတွင် ပျက်စီးပါပြီ တကားဟူ၍လည်းကောင်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။-ယေဇ၊ ၂၇:၃၀-၃၄။20 ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်၊ ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။-တရား၊ ၃၂:၄၃။ ယေ၊ ၅၁:၄၈။
21 ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တစ်ဖန် မပေါ်မရှိရ။-ယေ၊ ၅၁:၆၃-၆၄။ ယေဇ၊၂၆:၂၁။22 စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သောအသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တစ်ယောက်မျှ သင့်အထဲ၌ နောက်တစ်ဖန် မပေါ်မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တစ်ဖန် မမြည်ရ။-ယေဇ၊ ၂၆:၁၃။ ဟေရှာ၊ ၂၄:၈။23 ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တစ်ဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။-ယေ၊ ၇:၃၄၊၂၅:၁၀။24 ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။ယေ၊ ၅၁:၄၉။
大巴比伦倾倒
1 这些事以后,我看见有另一位掌大权柄的天使,从天上降下来,他的荣光照亮了大地。2 他用强有力的声音呼喊说:
"倾倒了!大巴比伦倾倒了!
成了鬼魔的住处,
各样污灵的监狱,
一切污秽可憎之雀鸟的牢笼,
3 因为各国都喝她淫乱烈怒的酒醉了;
地上的君王与她行淫,
世上的商人因她奢华挥霍就发了财。"
4 我听见另一个声音从天上来,说:
"从那城出来吧,我的子民!
免得在她的罪上有分,
受她所受的灾难;
5 因为她的罪恶滔天,
神已经想起她的不义来。
6 她怎样待人,你们也要怎样待她;
照着她所作的,加倍报应她;
用她调酒的杯,加倍调给她。
7 她怎样炫耀自己,怎样奢华挥霍,
你们也要怎样给她痛苦悲哀。
因为她心里常常说:
‘我坐著作女王,
我不是寡妇,
决不会看见悲哀。’
8 因此,在一日之内她的灾难必然来到,
就是死亡、悲哀和饥荒;
她还要在火中被烧掉,
因为审判她的主 神是大有能力的。
9 "地上的众王,就是跟她一同行邪淫、骄奢无度的,看见焚烧她的烟的时候,就必为她痛哭捶胸。10 他们因为害怕她所受的痛苦,就远远地站着,说:
‘有祸了!有祸了!这大城,
巴比伦,这坚固的城啊!
一时之间你的审判就来到了!’
11 "地上的商人也为她悲哀痛哭,因为没有人再买他们的货物:12 就是金、银、宝石、珍珠;细麻布、紫色布、丝绸、朱红色布;各样香木,各样象牙制品,各样极贵重的木器、铜器、铁器、大理石制品;13 肉桂、荳蔻、香料、香膏、乳香;酒、油、面粉、麦子;牛、羊、马、车、奴仆、人口。14 你所贪恋的果子离开你了!一切珍馐美味、华丽的美物,都从你那里消失,再也找不到了!15 贩卖这些货物,借着她发了财的商人,因为害怕她受的痛苦,就远远地站着,痛哭悲哀,16 说:
‘有祸了!有祸了!这大城啊!
就是一向穿著细麻布、
紫色、朱红色的衣服,
佩戴着金子、
宝石和珍珠装饰的,
17 一时之间,这么大的财富竟荡然无存!’
"所有船长、旅客、水手,以及凡是靠海谋生的,都远远地站着。18 他们看见了焚烧她的烟,就喊叫说:‘有哪一座城能与这大城相比呢?’19 他们又把尘土撒在自己头上,痛哭悲哀,喊着说:
‘有祸了!有祸了!这大城啊!
凡是有船航行海上的,
都因这城的财宝发了财;
一时之间她竟成了荒场!’
20 天哪,你要因她欢喜!
众圣徒、众使徒、众先知啊,
你们也要因她欢喜!
因为 神已经在她身上为你们伸了冤。"
21 有一位大力的天使,把一块好象大磨石一样的石头,举起来拋在海里,说:
"巴比伦大城也必这样被猛力地拋下去,
决不能再找到了!
22 弹琴、奏乐、
吹笛、吹号的声音,
在你中间决不能再听到了!
各样手艺技工,
在你中间决不能再找到了!
推磨的声音,
在你中间决不能再听到了!
23 灯的亮光,
在你中间决不能再照耀了!
新郎新娘的声音,
在你中间决不能再听到了!
你的商人一向都是地上的大人物,
万国都因你的邪术受了迷惑。
24 先知、圣徒和地上一切被杀的人的血,
都在这城里找到了!"