ကောင်းကင်တမန်ခုနစ်ပါးနှင့်ဘေးဒဏ်ခုနစ်ပါး
1 တစ်ဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်သောနိမိတ်ကြီး အခြားတစ်ပါးကို ငါမြင်ရ၏။- 2 မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမ အရေအတွက်နှင့်လည်းကောင်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။- 3 ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။-ထွ၊ ၁၅:၁4 အို ထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော် တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။ယေ၊ ၁၀:၇။ ဆာ၊ ၈၆:၉။
5 ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။-ထွ၊ ၃၈:၂၁။6 ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- 7 သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။- 8 ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။ထွ၊ ၄၀:၃၄။ ၃ရာ၊ ၈:၁၀-၁၁။ ၆ရာ၊ ၅:၁၃-၁၄။ ဟေရှာ၊၆:၄။
最后的七灾
1 我看见天上有另一个景象,又大又奇。有七位天使掌管着末后的七灾,因为 神的烈怒在这七灾中发尽了。
2 我又看见好象有一个搀杂着火的玻璃海;也看见那些胜过了兽、兽像,以及兽名的数字的人。他们都站在玻璃海上,拿着 神的琴。3 他们唱着 神仆人摩西的歌和羊羔的歌,说:
"主啊!全能的 神,
你的作为又伟大又奇妙!
万国的王啊,
你的道路又公义又真实!
4 主啊!谁敢不敬畏你,
不荣耀你的名呢?
因为只有你是神圣的,
万国都要来,
在你面前下拜,
因为你公义的作为已经显明出来了。"
5 这些事以后,我观看,见天上安放约柜"约柜"原文作"见证的柜"的帐幕的圣所开了。6 那掌管着末后七灾的七位天使,从圣所出来,穿著清洁明亮的细麻衣,胸间束着金带。7 四个活物中有一个,把盛满了活到永永远远之 神的烈怒的七个金碗,交给了那七位天使。8 因着 神的荣耀和大能,圣所中充满了烟,在那七位天使降完七灾以前,没有人能进入圣所。