စာစောင်ငယ်နှင့်ကောင်းကင်တမန်
1 ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။- 2 ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊- 3 ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနစ်ချက်မြည်လေ၏။- 4 မိုးကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သောအသံကား၊ မိုးကြိုးသံခုနစ်ချက် မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား၏။- 5 ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊- 6,7 ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။တရား၊ ၃၂:၄၀။ ဒံ၊ ၁၂:၇။ အာ၊ ၃:၇။
8 ငါကြားရသော ကောင်းကင်အသံသည် တစ်ဖန် ငါ့အားပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟုဆိုလျှင်၊-ယေဇ၊ ၂:၈-၃:၃။9 ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ 10 ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပါးစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။- 11 ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌လည်းကောင်း၊ တစ်ဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။
天使与小书卷
1 我又看见一位大力的天使从天上降下来,身披云彩,头上有彩虹,脸像太阳,两脚像火柱一样,2 手里拿着展开的小书卷。他的右脚踏在海上,左脚踏在地上,3 大声呼喊,好象狮子吼叫。他呼喊的时候,就有七雷发声说话。4 七雷说话的时候,我正要写下来,就听见有声音从天上出来,说:"七雷所说的你要封住,不可写出来!"5 我看见那站在海上和地上的天使,向天举起右手来,6 指着那活到永永远远,创造天和天上之物、地和地上之物、海和海中之物的 神起誓,说:"必不再延迟了!7 到第七位天使吹号的时候, 神向他的仆人众先知所宣告的奥秘,就要实现了。"
8 我先前听见那从天上来的声音又对我说:"你去,把那站在海上和地上的天使手中展开的书卷拿过来。"9 我就走到天使那里,请他把小书卷给我。他对我说:"你拿着,吃下去。它必使你肚子苦涩,但是口里却好象蜜一样甘甜。"10 我把小书卷从天使手中拿过来,吃了,在口里果然甘甜如蜜;但是吃完之后,我肚子就觉得苦涩。11 他们又对我说:"论到许多民族、邦国、方言和君王,你必须再说预言。"