သက်သေခံနှစ်ပါး
1 တစ်ဖန် လှံတံနှင့်တူသော ကျူပင်တစ်လုံးကို ငါ့အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။-ယေဇ၊ ၄၀:၃။ ဇာ၊ ၂:၁-၂။2 ဗိမာန်တော်တံတိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တစ်ပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။- 3 ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက် တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။- 4 ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။-ဇာ၊ ၄:၃၊၁၁-၁၄။5 တစ်စုံတစ်ယောက်သော သူသည် သူတို့ကို ညှဥ်းဆဲခြင်းငှာ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစ်စုံတစ်ယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှာ အလိုရှိလျှင်၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။- 6 ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသော အခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။၃ရာ၊ ၁၇:၁။ ထွ၊ ၇:၁၇-၁၉။ ၁ရာ၊၄:၈။
7 သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊-ဒံ၊ ၇:၇၊၂၁။ ဗျာ၊ ၁၃:၅-၇၊၁၇:၈။8 သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်းကောင်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။-ဟေရှာ၊၁:၉-၁၀။9 အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။- 10 မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဥ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။- 11 ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန် ကြောက်ရွံ့ကြ၏။-ယေဇ၊ ၃၇:၁၀။12 ကောင်းကင်ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုးတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။- 13 ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုး ဆယ်စုတစ်စုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။-ဗျာ၊ ၆:၁၂၊၁၆:၁၈။14 ဒုတိယအမင်္ဂလာ လွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။
သတ္တမတံပိုး
15 သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။-ထွ၊ ၁၅:၁၈။ ဒံ၊ ၂:၄၄၊ ၇:၁၄၊၂၇။16 ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာ ထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- 17 အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။- 18 လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။-ဆာ၊ ၂:၅။ ၁၁၀:၅၊၁၁၅:၁၃။19 တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်း ဖြစ်ကြ၏။-ဗျာ၊ ၈:၅။ ၁၆:၁၈၊၂။
两个见证人
1 有一根好象量尺的芦苇赐给了我,又有话说:"你起来,把 神的圣所和祭坛,以及在里面敬拜的人,都量一量、数一数。2 但圣所外面的院子,不要量它,因为它已经给了外族人,他们要践踏圣城四十二个月。3 我要赐能力给我那两个穿著麻衣的见证人,他们要传道一千二百六十天。"4 他们就是站在全地之主面前的两棵橄榄树和两个灯台。5 如果有人想要伤害他们,就有火从他们口中出来,吞灭他们的仇敌。凡是想要伤害他们的,都必这样被杀。6 他们有权柄在他们传道的日子叫天闭塞不下雨,又有权柄掌管众水,使水变成血,并且有权柄可以随时随意用各样灾难击打全地。7 他们作完了见证的时候,那从无底坑上来的兽要跟他们作战,胜过他们,把他们杀死。8 他们的尸首要倒在大城的街道上。这城按着寓意叫所多玛,又叫埃及,就是他们的主被钉十字架的地方。9 从各民族、各支派、各方言和各邦国中,都有人观看他们的尸首三天半,又不许人把尸首安放在坟墓里。10 住在地上的人为了他们的缘故,就欢喜快乐,彼此送礼,因为这两位先知曾经使他们受痛苦。11 过了三天半,有生命的气息从 神那里来,进入他们里面,他们就站立起来,看见他们的人都非常惧怕。12 他们听见从天上来的大声音,对他们说:"上这里来!"他们就驾着云上了天,他们的仇敌也看见了。13 就在那时,大地震发生了,那座城倒塌了十分之一,因着地震而死的有七千人,其余的人都很害怕,就把荣耀归给天上的 神。
14 第二样灾祸过去了。看哪,第三样灾祸快要到了!
吹第七枝号
15 第七位天使吹号,天上就有大声音说:
"世上的国成了我们的主
和他所立的基督的国,
他要作王,直到永永远远!"
16 那在 神面前,坐在自己座位上的二十四位长老,都面伏在地上敬拜 神,17 说:
"主啊!全能的 神,昔在今在的,
我们感谢你!
因为你执掌了大权,
作王了!
18 列国忿怒了!
你的震怒也临到了!
时候已经到了!
死人要受审判!
你的众仆人、先知、圣徒,
和所有老幼贵贱、敬畏你名的人,
都要得赏赐!
你也要毁灭那些败坏全地的人!"
19 于是,在天上 神的圣所开了,他的约柜就在他的圣所中显现出来。随即有闪电、响声、雷轰、地震、大冰雹。