မိန်းမနှင့်နဂါးကြီး
1 ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။- 2 ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာ ပြင်းသောကြောင့် အော်ဟစ်လေ၏။- 3 ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ ပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။-ဒံ၊ ၇:၇။4 သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။- 5 ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။-ဟေရှာ၊ ၆၆:၇။ ဆာ၊ ၂:၉။6 မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
7 ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။-ဒံ၊ ၁၀:၁၃၊၂၁၊ ၁၂:၁။ ယုဒ၊၉။8,9 ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။-က၊ ၃:၁။ လု၊ ၁၀:၁၈။10 ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။-ယောဘ၊ ၁:၉-၁၁။ ဇာ၊ ၃:၁။11 သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။- 12 ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
13 ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။- 14 မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။-ဒံ၊ ၇:၂၅၊၁၂:၇။15 ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။- 16 မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။- 17 နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။-
生子的女人和大龙
1 那时,天上出现了一个奇伟的景象:有一个妇人,身披太阳,脚踏月亮,头戴十二颗星的冠冕。2 她怀了孕,在生产的痛苦中疼痛呼叫。3 天上又出现了另一个景象。看哪!有一条大红龙,有七头十角,七头上戴着七个皇冠。4 牠的尾巴拖着天上三分之一的星辰,把它们摔在地上。龙站在那快要生产的妇人面前,等她生产了,就要吞吃她的孩子。5 她生了一个男孩子,就是将来要用铁杖治理列国的。她的孩子被提取到 神和他宝座那里去。6 妇人就逃到旷野去了,那里有 神为她预备的地方。她在那里得供养一千二百六十天。
7 天上发生了战争:米迦勒和他的天使与龙作战。龙和牠的天使也起来应战,8 龙却抵挡不住,天上再也没有牠们的地方了。9 于是那大龙被摔了下来。牠就是那古蛇,名叫魔鬼,又叫撒但,是迷惑普天下的人的。牠被摔在地上,牠的天使也跟牠一同被摔了下来。10 我又听见天上有大声音说:
"我们 神的救恩、能力、国度
和他所立的基督的权柄,
现在都已经来到了!
因为那昼夜在我们 神面前
控告我们弟兄的控告者,
已经被摔下来了!
11 弟兄胜过牠,是因着羊羔的血,
也因着自己所见证的道,
他们虽然至死,
也不爱惜自己的性命。
12 所以,众天和住在其中的,
你们都欢乐吧!
可是地和海有祸了!
因为魔鬼知道自己的时日无多,
就大大发怒下到你们那里去了。"
13 龙见自己被摔在地上,就迫害那生了男孩子的妇人。14 于是有大鹰的两个翅膀赐给了那妇人,使她可以飞到旷野,到自己的地方,在那里得供养一年两年半年,离开那蛇的面。15 蛇在妇人后面,从口中吐出水来,好象江河一样,要把妇人冲去。16 地却帮助了那妇人,张开口,把从龙口中吐出来的河水吞了。17 龙就向妇人发怒,去和她其余的子孙作战,就是和那遵守 神命令坚持耶稣见证的人作战。18 那时,龙站在海边的沙上。