ကောင်းကင်သစ်နှင့်မြေကြီးသစ်
1 ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်း ဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။-ဟေရှာ၊ ၆၅:၁၇၊ ၆၆:၂၂။ ၂ပေ၊၃:၁၃။2 သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။-ဟေရှာ၊ ၅၂:၁၊ ၆၁:၁၀။ ဗျာ၊ ၃:၁၂။3 ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။-ယေဇ၊ ၃၇:၂၇။ ဝတ်၊ ၂၆:၁၁-၁၂။4 ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။-ဟေရှာ၊ ၂၅:၈၊ ၃၅:၁၀၊ ၆၅:၁၉။5 ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ ဟူ၍လည်းကောင်း၊- 6 အမှုပြီးပြီ။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဖိုးမယူဘဲ ငါပေးမည်။-ဟေရှာ၊ ၅၅:၁။7 အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။-၂ရာ၊ ၇:၁၄။ ဆာ၊ ၈၉:၂၆-၂၇။8 ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည် ဟူ၍လည်းကောင်း ငါ့အား မိန့်တော်မူ၏။
ယေရုရှလင်မြို့သစ်
9 နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တစ်ပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက်၊- 10 ကြီးမြင့်သောတောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။- 11 ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။- 12,13 ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါး တစ်ဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တစ်ဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တစ်ဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။-ယေဇ၊ ၄၈:၃၀-၃၅။14 မြို့ရိုးအမြစ်သည် တစ်ဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏တမန်တော် တစ်ဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။
15 ငါနှင့်စကားပြောသောသူသည်၊ မြို့ကိုလည်းကောင်း၊ တံခါးတို့ကိုလည်းကောင်း၊ မြို့ရိုးကိုလည်းကောင်း တိုင်းခြင်းငှာ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။-ယေဇ၊ ၄၀:၃။16 မြို့သည် စတုရန်း လေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီ ရှိ၏။- 17 မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တစ်ရာလေးဆယ် လေးတောင်ရှိ၏။- 18 မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင်ဖြစ်၏။-ဟေရှာ၊ ၅၄:၁၁-၁၂။19 မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊- 20 ပဥ္စမအမြစ်ကား ကြောင်၊ ဆဋ္ဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝှါကိန္သု၊ ဒွါဒသမအမြစ်ကား ဂေါ်မိတ်ဖြစ်သတည်း။- 21 တံခါးရွက် တစ်ဆယ်နှစ်ရွက် အသီးအသီးတို့သည် ပုလဲတစ်ပြားစီဖြင့်ပြီး၍ ပုလဲတစ်ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။ 22 မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ်တော်မူ၏။- 23 ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။-ဟေရှာ၊ ၆၀:၁၉-၂၀။24 လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင် တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။-ဟေရှာ၊ ၆၀:၃။25 မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညမူကား မရှိ။-ဟေရှာ၊ ၆၀:၁၁။26 လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။- 27 ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်သောအရာ၊ သစ္စာပျက်သောအရာ တစ်စုံတစ်ခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။
新天新地
1 我又看见一个新天新地,因为先前的天地都过去了,海也再没有了。2 我又看见圣城,新耶路撒冷,从天上由 神那里降下来,预备好了,好象打扮整齐等候丈夫的新娘。3 我听见有大声音从宝座那里发出来,说:"看哪! 神的帐幕在人间,他要与人同住,他们要作他的子民。 神要亲自与他们同在,要作他们的 神。4 他要抹去他们的一切眼泪,不再有死亡,也不再有悲哀、哭号、痛苦,因为先前的事都过去了。"
5 坐在宝座上的那一位说:"看哪,我把一切都更新了!"又说:"你要写下来,因为这些话是可信的、真实的。"6 他又对我说:"成了!我是阿拉法,是俄梅格;我是创始的,也是成终的。我要把生命的泉水,白白赐给口渴的人喝。7 得胜的,必要承受这些福分。我要作他的 神,他要作我的儿子。8 只是那些胆怯的、不信的、可憎的、杀人的、淫乱的、行邪术的、拜偶像的和所有说谎的人,他们的分是在烧着硫磺的火湖里。这就是第二次的死。"
新耶路撒冷
9 拿着七个盛满着末后七灾的碗的七位天使中,有一位走来对我说:"你来!我要把新娘,就是羊羔的妻子,指示你。"10 我在灵里被那天使带到一座高大的山上,他把从天上由 神那里降下来的圣城耶路撒冷指示我。11 这城有 神的荣耀,城的光辉好象极贵的宝石,又像晶莹的碧玉。12 有高大的城墙,有十二个门,门口有十二位天使,门上写着以色列十二支派的名字。13 东边有三个门,南边有三个门,西边有三个门,北边有三个门。14 城墙有十二座根基,根基上有羊羔的十二使徒的名字。
15 那对我说话的天使拿着一根金的芦苇,要量那城、城门和城墙。16 城是四方的,长宽都一样。天使用芦苇量那城,共有二千四百公里"二千四百公里"原文作"一万二千司他町",城的长、宽、高都一样;17 又量了城墙,约有六十公尺"六十公尺"原文作"一百四十四肘"。天使用的标准,就是人量度的标准。18 城墙是用碧玉做的,城是用明净像玻璃的纯金做的。19 城墙的根基是用各样宝石装饰的:第一座根基是碧玉,第二座是蓝宝石,第三座是玛瑙,第四座是绿宝石,20 第五座是红玛瑙,第六座是红宝石,第七座是黄璧玺,第八座是水苍玉,第九座是红璧玺,第十座是翡翠,第十一座是紫玛瑙,第十二座是紫晶。21 十二个门是十二颗珍珠,每一个门是用一颗珍珠做的。城里的街道是纯金的,好象透明的玻璃。
22 我没有看见城里有圣所,因为主全能的 神和羊羔就是城的圣所。23 这城不需要日月照明,因为有 神的荣耀照明,而羊羔就是城的灯。24 列国要借着城的光行走,地上的众王要把他们的荣华带到这城来。25 城门白天决不关闭。在那里并没有黑夜。26 列国的荣华尊贵都被带到这城。27 所有不洁净的、行可憎的和说谎的,决不可以进入这城。只有名字记在羊羔生命册上的才可以进去。