လူတစ်သိန်းလေးသောင်းလေးထောင်
1 ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။-ယေ၊ ၄၉:၃၆။ ဒံ၊ ၇:၂။ ဇာ၊ ၆:၅။2 အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဥ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊- 3 ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဥ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။-ယေဇ၊ ၉:၄၊၆။4 တံဆိပ်ခတ်ခြင်းကိုခံရသောသူ အရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်ထဲက လူတစ်သိန်းလေးသောင်းလေးထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။- 5 ယုဒအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တစ်သောင်းနှစ်ထောင်။- 6 အာရှာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊- 7 ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊- 8 ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။
လူများအပေါင်း
9 ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။- 10 သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။- 11 ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- 12 အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။
13 အသက်ကြီးသူတစ်ပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်၊- 14 ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။-ဒံ၊ ၁၂:၁။ မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။15 ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညမပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။- 16 သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။-ဟေရှာ၊ ၄၉:၁၀။17 အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟု ဆိုလေ၏။-ဆာ၊ ၂၃:၁။ ယေဇ၊ ၃၄:၂၃။ ဆာ၊ ၂၃:၂။ ဟေရှာ၊၄၉:၁၀၊၂၅:၈။
印了十四万四千个以色列人
1 这事以后,我看见四位天使站在地的四极,掌握着地上的四风,不使风吹在地上、海上和任何树上。2 我又看见另外一位天使,从日出之地上来,拿着永活 神的印,向那四位得了权柄可以伤害地和海的天使,大声呼喊,3 说:"你们不要伤害地、海和树木,等我们在 神众仆人的额上先盖上了印。"4 我听见被盖印的人的数目,以色列子孙各支派中被盖印的共有十四万四千人:
5 犹大支派中被盖印的,一万二千人;
流本支派中,一万二千人;
迦得支派中,一万二千人;
6 亚设支派中,一万二千人;
拿弗他利支派中,一万二千人;
玛拿西支派中,一万二千人;
7 西缅支派中,一万二千人;
利未支派中,一万二千人;
以萨迦支派中,一万二千人;
8 西布伦支派中,一万二千人;
约瑟支派中,一万二千人;
便雅悯支派中,一万二千人。
各国各族的群众前来敬拜
9 这些事以后,我观看,见有一大群人,没有人能数得过来,是从各邦国、各支派、各民族、各方言来的。他们都站在宝座和羊羔面前,身穿白袍,手里拿着棕树枝。10 他们大声呼喊,说:
"愿救恩归给那坐在宝座上我们的 神,也归给羊羔!"
11 所有的天使都站在宝座、众长老和四个活物的四周。他们在宝座前,面伏在地上敬拜 神,12 说:
"阿们!愿颂赞、荣耀、智慧、
感谢、尊贵、权能、力量,
都归给我们的 神,
直到永永远远。阿们!"
13 长老中有一位问我:"这些身穿白袍的是谁?他们是从哪里来的呢?"14 我对他说:"我主啊,你是知道的。"他告诉我:"这些人是从大患难中出来的。他们用羊羔的血,把自己的衣袍洗洁白了。15 因此,他们可以在 神的宝座前,并且日夜在他的圣所里事奉他。那坐在宝座上的必展开帐幕覆庇他们。16 他们必不再饿,也不再渴;太阳和一切炎热必不伤害他们。17 因为在宝座中间的羊羔必牧养他们,领他们到生命水的泉源那里。 神也必抹去他们的一切眼泪。"