ဘုရားသခင်ထံအလုပ်လုပ်သူချင်း
1 ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အားလည်းကောင်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အားလည်းကောင်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။- 2 ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။-ဟေဗြဲ၊၅:၁၂-၁၃။3 ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။- 4 တစ်ယောက်က၊ ငါသည် ပေါလုတပည့်ဖြစ်၏ ဟူ၍လည်းကောင်း၊ တစ်ယောက်က၊ ငါသည် အာပေါလုတပည့်ဖြစ်၏ ဟူ၍လည်းကောင်း၊ အသီးအသီးပြောကြလျှင်၊ ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။၁ကော၊ ၁:၁၂။
5 ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။- 6 ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။- 7 စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- 8 သို့သော်လည်း၊ စိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ အသီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။- 9 ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း ဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။- 10 ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။- 11 အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။- 12 ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊- 13 အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။- 14 ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။- 15 အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
16 သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။-၁ကော၊ ၆:၁၉။ ၂ကော၊ ၆:၁၆။17 အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။- 18 အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည် ပညာရှိအဖြစ်သို့ ရောက်လိုသောငှာ လူမိုက်ဖြစ်ပါစေ။- 19 အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏ဟု လာသတည်း။-ယောဘ၊၅:၁၃။20 တစ်ဖန်တုံ၊ ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏ဟု လာသတည်း။-ဆာ၊ ၉၄:၁၁။21 ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှ လူတို့၌ ဝါကြွားခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့အဖို့ ဖြစ်ကြ၏။- 22 ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတ္တံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဖို့ ဖြစ်ကြ၏။- 23 သင်တို့သည်လည်း၊ ခရစ်တော်အဖို့ ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဘုရားသခင်အဖို့ ဖြစ်တော်မူ၏။
不可分派结党
1 弟兄们,我从前对你们说话,还不能把你们看作属灵的人,只能看作属肉体的人,看作在基督里的婴孩。2 我喂给你们吃的是奶,不是饭,因为那时你们不能吃,就是现在还是不能,3 因为你们仍然是属肉体的。在你们当中既然有嫉妒纷争,你们不还是属肉体,照着世人的方式而行吗?4 有人说"我是保罗派的",又有人说"我是亚波罗派的",你们不是和世人一样吗?5 亚波罗算甚么?保罗算甚么?我们不过是 神的仆人,你们借着我们信了主;按着主所赐给各人的,6 我栽种了,亚波罗浇灌了,唯有 神使它生长。7 所以,栽种的算不得甚么,浇灌的也算不得甚么,只在乎那使它生长的 神。8 栽种的和浇灌的都是一样,只是各人要照着自己的劳苦得着自己的报酬。9 我们是 神的同工,你们是 神的田地, 神的房屋。
10 我照着 神赐给我的恩典,就像一个聪明的工程师,立好了根基,别人在上面建造。各人要注意怎样在上面建造,11 因为除了那已经立好的根基以外,没有人能立别的根基。那根基就是耶稣基督。12 如果有人用金、银、宝石、草、木、禾秸,在这根基上建造,13 各人的工程将来必要显露,因为那日子必把它显明出来。有火要把它显露出来,那火要考验各人的工程是怎样的。14 如果有人在这根基上建造的工程存得住,他就要得到赏赐;15 如果有人的工程被烧毁,他就要受亏损;自己却要得救,只是要像从火里经过一样。16 难道不知道你们是 神的殿, 神的灵住在你们里面吗?17 如果有人毁坏 神的殿, 神必要毁坏这人,因为 神的殿是圣洁的,这殿就是你们。
18 谁也不要自欺。如果你们当中有人以为自己在这世代里是有智慧的,他就应该变为愚笨,好让他有智慧。19 因为这世界的智慧,在 神看来是愚笨的,如经上所记:
"他使有智慧的人中了自己的诡计。"
20 又说:
"主知道智慧人的意念是虚妄的。"
21 所以,谁都不可拿人来夸耀,因为一切都是你们的。22 无论是保罗,是亚波罗,是矶法,是世界,是生,是死,是现在的事,是将来的事,都是你们的。23 你们是属基督的,基督是属 神的。