ရုပ်တုကိုးကွယ်မှုသတိပေးချက်
1 ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊- 2 မိုးတိမ်နှင့် ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍လည်းကောင်း၊- 3 ဓမ္မအစာကိုအတူစားကြသည်ဟူ၍လည်းကောင်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍လည်းကောင်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှာ ငါအလိုမရှိ၊- 4 ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။- 5 သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။
6 ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။- 7 လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏ဟု ကျမ်းစာလာသည်အတိုင်း၊- 8 ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။- 9 ထိုသူအချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောင့်ယှက်ဘဲနေကြကုန်အံ့။- 10 ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။- 11 ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။- 12 ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။- 13 လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
14 ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တုကို ကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။- 15 သင်တို့ကို ပညာရှိကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။- 16 ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။- 17 မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တစ်လုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။- 18 ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူ ဖြစ်ကြသည် မဟုတ်လော။- 19 ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။- 20 ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှာ ငါအလိုမရှိ။- 21 သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။- 22 သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှာ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
23 ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။- 24 ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။- 25 ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။- 26 အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။- 27 မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဖိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။- 28 သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစ်စုံတစ်ယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသောသူ၏ မျက်နှာကိုလည်းကောင်း၊ ဩတ္တပ္ပစိတ်ကိုလည်းကောင်း၊ ထောက်၍ မစားကြနှင့်။- 29 ဩတ္တပ္ပစိတ်ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ်ကြောင့် စစ်ကြောစီရင်ရမည်နည်း။- 30 ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင်မူကား၊- 31 သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။- 32 လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊- 33 ခပ်သိမ်းသောလူတို့၏ အလိုသို့ အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ၊
以史为鉴
1 弟兄们,我不愿意你们不知道,我们的祖宗都曾经在云下,都曾经从海中经过,2 都曾经在云里在海里受洗归于摩西。3 他们都吃了一样的灵粮,4 都喝了一样的灵水;他们所喝的,是从那随着他们的灵盘石那里来的,这盘石就是基督。5 但他们大多数的人,都得不到 神的喜悦,因此他们都死在旷野。6 这些事都是我们的鉴戒,叫我们不要贪恋恶事,像他们那样。7 你们也不可拜偶像,像他们有些人那样;正如经上所记:"人民坐下吃喝,起来玩乐。"8 我们也不可淫乱,像他们有些人那样,一天就死了二万三千人。9 我们也不可试探主,像他们有些人那样,结果就被蛇咬死了。10 你们也不可发怨言,像他们有些人那样,就被那毁灭者所灭。11 这些事发生在他们身上,作为鉴戒,并且记下来,为了要警戒我们这些末世的人。12 所以,那自以为站得稳的,应当谨慎,免得跌倒。13 你们所受的试探,无非是人受得起的; 神是信实的,他必不容许你们受试探过于你们承受得起的,而且在受试探的时候,必定给你们开一条出路,使你们能忍受得住。
不可喝主的杯又喝鬼的杯
14 所以,我所亲爱的,你们要远避拜偶像的事。15 我是对明白事理的人说的,我所说的你们要自己判断。16 我们为福杯祝祷的时候,难道不是共享基督的血吗?我们擘饼的时候,难道不是共享基督的身体吗?17 因为事实上只有一个饼,我们人数虽多,还是一个身体,因为我们都是分享同一个饼。18 你们看看按肉身是以色列人,那些吃祭物的不就是与祭坛有分吗?19 我说的是甚么意思呢?偶像算得甚么,还是祭过偶像的食物算得甚么?20 我是说,教外人所祭的是鬼,不是献给 神;我却不愿意你们与鬼来往。21 你们不能喝主的杯又喝鬼的杯,你们不能参加主的筵席又参加鬼的筵席。22 难道我们要激起主的忿怒吗?我们比他更强吗?
凡事都要荣耀 神
23 甚么事情都可以作,但不是都有益处。甚么事情都可以作,但不是都能造就人。24 人不要求自己的好处,却要求别人的好处。25 肉食市场所卖的一切,你们只管吃,不要为了良心的缘故问甚么,26 因为地和地上所充满的都是属于主的。27 如果有不信的人邀请你们吃饭,你们也愿意去,凡摆在你们面前的,都可以吃,不要为了良心的缘故问甚么。28 但是如果有人告诉你们:"这是献过祭的食物。"那么,为了那告诉你们的人,也为了良心的缘故,就不要吃。29 我说的良心,不是你的,而是他的。为甚么我的自由要受别人的良心论断呢?30 我若存着感恩的心吃了,为甚么我因着我所感恩的食物被人毁谤呢?31 所以,你们或吃喝,或作甚么,一切都要为 神的荣耀而行。32 无论是犹太人,是希腊人,是 神的教会,你们总不可使他们跌倒;33 就好象我所作的一切,都是要使大家喜悦,不是要求自己的好处,而是要求别人的好处,为了要使他们得救。