လောင်သောနေ့ရက်ကာလ
1 မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 2 ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ 3 မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4 ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏တရားတည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။ 5 ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။မ၊ ၁၁:၁၄၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။ လု၊ ၁:၁၇။ ယော၊ ၁:၂၁။6 ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့် အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့် သားတို့ကိုလည်းကောင်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။
ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိ စီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
耶和华降罚的日子
1 万军之耶和华说:"看哪!那日来到,像烧着的火炉一样;骄傲的和作恶的,都必成为碎秸;那要来的日子,必把他们烧尽,不给他们留下一根一枝。2 可是,对你们敬畏我名的人,必有公义的太阳升起来;它的光线有医治的功能;你们必出来跳跃,像栏里的肥牛犊。"3 万军之耶和华说:"你们必践踏恶人;在我施行作为的日子,他们必在你们脚掌之下成为尘土。
4 "你们要谨记我仆人摩西的律法,就是我在何烈山为以色列众人所吩咐他的律例和典章。
预言差派以利亚来临
5 "看哪!在耶和华大而可畏的日子来到以先,我必差派以利亚先知到你们那里去。6 他要使父亲的心转向儿女,儿女的心转向父亲,免得我来击打这地,以至完全毁灭。"本章第1~6节在《马索拉文本》为3:19~24