ယေရှုခရစ်၏ဆွေစဉ်မျိုးဆက်
1 အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊- 2 အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- 3 ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့် ဇာရ။ ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။- 4 အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။- 5 စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။
6 ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဖူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။- 7 ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။- 8 အာသသား ယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။တရား၊၁၅:၂၁။9 ဩဇိသား ယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။- 10 ဟေဇကိသား မနာရှေ။ မနာရှေသား အာမုန်။ အာမုန်သား ယောရှိ။- 11 ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။၄ ရာ၊ ၂၄:၁၄-၁၅။ ၆ ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။
12 ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသား ရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။- 13 ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။- 14 အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သား ဧလုဒ်။- 15 ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။- 16 ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
17 ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။-
ယေရှုခရစ်ဖွားမြင်တော်မူခြင်း
18 ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။လု၊ ၁:၂၇။19 သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။- 20 ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- 21 သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။-လု၊ ၁:၃၁။ ဆာ၊ ၁၃၀း၈။
22 ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- 23 ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။-ဟေရှာ၊၇:၁၄။24 ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။- 25 သို့သော်လည်း၊ သားဦး ကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။လု၊ ၂:၂၁။
耶稣基督的家谱(路3:23~38。参得4:18~22;代上3:10~17)
1 大卫的子孙,亚伯拉罕的后裔,耶稣基督的家谱:
2 亚伯拉罕生以撒,以撒生雅各,雅各生犹大和他的兄弟,3 他玛给犹大生了法勒斯和谢拉,法勒斯生希斯仑,希斯仑生亚兰,4 亚兰生亚米拿达,亚米拿达生拿顺,拿顺生撒门,5 喇合给撒门生了波阿斯,路得给波阿斯生了俄备得,俄备得生耶西,6 耶西生大卫王。
乌利亚的妻子给大卫生了所罗门,7 所罗门生罗波安,罗波安生亚比雅,亚比雅生亚撒,8 亚撒生约沙法,约沙法生约兰,约兰生乌西雅,9 乌西雅生约坦,约坦生亚哈斯,亚哈斯生希西家,10 希西家生玛拿西,玛拿西生亚们,亚们生约西亚,11 犹太人被掳到巴比伦的时候,约西亚生耶哥尼雅和他的兄弟。
12 被掳到巴比伦以后,耶哥尼雅生撒拉铁,撒拉铁生所罗巴伯,13 所罗巴伯生亚比玉,亚比玉生以利亚敬,以利亚敬生亚所,14 亚所生撒督,撒督生亚金,亚金生以律,15 以律生以利亚撒,以利亚撒生马但,马但生雅各,16 雅各生约瑟,就是马利亚的丈夫;那称为基督的耶稣,是马利亚所生的。
17 这样,从亚伯拉罕到大卫,一共是十四代;从大卫到被掳到巴比伦的时候,也是十四代;从被掳到巴比伦的时候到基督,又是十四代。
耶稣基督的降生(路2:1~7)
18 耶稣基督的降生是这样的:耶稣的母亲马利亚许配了约瑟,他们还没有成亲,马利亚就从圣灵怀了孕。19 她丈夫约瑟是个义人,不愿张扬使她受辱,就打算暗中与她解除婚约。20 他一直想着这些事,主的使者就在梦中向他显现,说:"大卫的子孙约瑟,只管放胆把你的妻子马利亚迎娶过来,因为她怀的孕是从圣灵来的。21 她必生一个儿子,你要给他起名叫耶稣,因为他要把自己的子民从罪恶中拯救出来。"22 这整件事的发生,是要应验主借着先知所说的:
23 "必有童女怀孕生子,
他的名要叫以马内利。"
以马内利就是" 神与我们同在"的意思。24 约瑟睡醒了,就照着主的使者所吩咐的,把妻子迎娶过来;25 只是在孩子出生以前,并没有与她同房。约瑟给孩子起名叫耶稣。