ဥပုသ်နေ့၌ဂျုံစပါးဆွတ်ခူးခြင်း
1 ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။-တရား၊၂၃:၂၅။2 ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊- 3 ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊-၁ရာ၊၂၁:၁-၆။4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။-ဝတ်၊ ၂၄:၉။5 ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း၊ အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဖတ်ဖူးသလော။-တော၊ ၂၈:၉-၁၀။6 ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။- 7 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။-မ၊ ၉:၁၃။ ဟော၊ ၆:၆။8 လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။-
လက်တစ်ဖက်သေသူ
9 ထိုအရပ်မှ ကြွ၍ တရားဇရပ်သို့ ဝင်တော်မူ၏။ လက်တစ်ဖက် သေသောသူတစ်ယောက် ရှိသည်ဖြစ်၍၊- 10 လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။- 11 ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။-လု၊ ၁၄:၅။12 လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထိုကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူပြီးမှ၊- 13 ထိုသူအား၊ သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- 14 ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ငါရွေးချယ်သောငါ့ကျွန်ရင်း
15 ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။- 16 ထိုသူတို့သည် သတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။- 17 ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက် ဟူမူကား၊- 18 ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။-ဟေရှာ၊ ၄၂:၁-၄။19 ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။- 20 နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။- 21 သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
ယေရှုနှင့်ဗေလဇေဗုလ
22 ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မတော်မူ၏။- 23 လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ၍ ဤသူသည် ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လောဟု ပြောဆိုကြ၏။- 24 ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-မ၊ ၉:၃၄၊၁၀:၂၅။25 ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 26 စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည် မိမိနှင့် ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။- 27 ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။- 28 ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- 29 သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင်အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- 30 ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။-မာ၊ ၉:၄၀။
31 ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။- 32 လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။-လု၊ ၁၂:၁၀။
အပင်နှင့်အသီး
33 အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့။-မ၊ ၇:၂၀။ လု၊ ၆:၄၄။34 အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။-မ၊ ၃:၇၊၂၃:၃၃၊ ၁၅:၁၈။ လု၊ ၃:၇၊၆:၄၅။35 ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။- 36 ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။- 37 သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။-
နိမိတ်လက္ခဏာတောင်းဆိုခြင်း
38 ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတစ်ခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊-မ၊ ၁၆:၁။ မာ၊ ၈:၁၁။ လု၊ ၁၁:၁၆။39 ကိုယ်တော်က ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာ မှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။-မ၊ ၁၆:၄။ မာ၊ ၈:၁၂။40 ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။-ယောန၊၁:၁၇။41 တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။-ယောန၊၃:၅။42 တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတစ်ဖက်၌ ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။-၃ရာ၊ ၁၀:၁-၁၀။ ၆ရာ၊၉:၁-၁၂။
ညစ်ညူးသောနတ်ပြန်လာခြင်း
43 ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သော အရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာတတ်၏။- 44 မတွေ့လျှင် ငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင်လျက် ရှိသည်ကို တွေ့သော်၊- 45 မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။-
မယ်တော်နှင့်ညီတော်များ
46 ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့် ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏။- 47 လူတစ်ယောက်ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြပါ၏ဟု လျှောက်လျှင်၊- 48 ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- 49 လက်တော်ကိုလည်းဆန့်၍ တပည့်တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။- 50 ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။
安息日的主(可2:23~28;路6:1~5)
1 安息日那天,耶稣从麦田经过;他的门徒饿了,就摘了些麦穗来吃。2 法利赛人看见了,就对他说:"你看,你的门徒作了安息日不可作的事。"3 耶稣对他们说:"大卫和跟他在一起的人,在饥饿的时候所作的,你们没有念过吗?4 他不是进了 神的殿,吃了他和跟他在一起的人不可以吃,只有祭司才可以吃的陈设饼吗?5 律法书上记着:安息日,祭司在殿里供职,触犯了安息日,也不算有罪;你们也没有念过吗?6 我告诉你们,这里有一位是比圣殿更大的。7 如果你们明白‘我喜爱怜悯,不喜爱祭祀’这句话的意思,就不会把无罪的定罪了。8 因为人子是安息日的主。"
治好手枯的人(可3:1~6;路6:6~11)
9 耶稣离开那里,来到他们的会堂。10 会堂里有一个人,他的一只手枯干了。有人问耶稣:"在安息日治病,可以吗?"目的是要控告耶稣。11 耶稣回答:"你们当中有哪一个,他仅有的一只羊在安息日跌进坑里,会不把羊抓住拉上来呢?12 人比羊贵重得多了!所以,在安息日行善是可以的。"13 于是对那人说:"伸出手来!"他把手一伸,就复原了,好象另一只手一样。14 法利赛人出去,商议怎样对付耶稣,好杀掉他。
神拣选的仆人
15 耶稣知道了,就离开那里。有很多人跟随他,他医好他们所有的病人,16 又嘱咐他们不可替他张扬。17 这就应验了以赛亚先知所说的:
18 "看哪!我所拣选的仆人,
我所爱,心里所喜悦的;
我要把我的灵赐给他,
他必向万国宣扬公理。
19 他不争吵,也不喧嚷,
人在街上听不见他的声音。
20 压伤的芦苇,他不折断,
将残的灯火,他不吹灭;
直到他施行公理,使公理得胜。
21 万民都要寄望于他的名。"
耶稣靠 神的灵赶鬼(可3:20~30;路11:14~23)
22 有人带了一个被鬼附着、又瞎又哑的人到耶稣那里。耶稣医好了他,那哑巴就能说话,也能看见了。23 群众都很惊奇,说:"难道他就是大卫的子孙?"24 法利赛人听见了,说:"这个人赶鬼,只不过是靠鬼王别西卜罢了。"25 耶稣知道他们的心思,就对他们说:"如果一个国家自相纷争,就必定荒凉;一城一家自相纷争,必站立不住。26 如果撒但赶逐撒但,就会自相纷争。那么,他的国怎能站立得住呢?27 我若靠别西卜赶鬼,你们的子孙又靠谁赶鬼呢?这样,他们就要断定你们的不是。28 我若靠 神的灵赶鬼, 神的国就已经临到你们了。29 如果不先把壮汉绑起来,怎能进到他的家里,抢夺财物呢?如果绑起来了,就可以抢劫他的家了。30 不站在我这一边的就是反对我的,不跟我一起收聚的,就是分散的。31 因此,我告诉你们,人的一切罪和亵渎的话,都可以赦免;可是,亵渎圣灵就得不着赦免。32 无论谁说话得罪了人子,还可以赦免;但说话得罪了圣灵的,今生来世都得不着赦免。
种好树结好果子(路6:43~45)
33 "你们种好树就结好果子,种坏树就结坏果子;凭着果子就能认出树来。34 毒蛇所生的啊,你们既然是邪恶的,怎能说出良善的话?因为心中所充满的,口里就说出来。35 良善的人从他良善的心"心"原文作"库房"发出良善,邪恶的人从他邪恶的心"心"原文作"库房"发出邪恶。36 我告诉你们,人所说的闲话,在审判的日子,句句都要供出来,37 因为你要照你的话被称为义,或定为有罪。"
约拿的神迹(可8:11~12;路11:29~32)
38 当时,有一些经学家和法利赛人对耶稣说:"老师,我们想请你显个神迹看看。"39 但耶稣说:"邪恶和淫乱的世代寻求神迹,除了约拿先知的神迹以外,再没有神迹给你们了。40 约拿怎样三日三夜在大鱼的腹中,人子也要照样三日三夜在地里。41 审判的时候,尼尼微人要和这个世代一同起来,定这个世代的罪,因为他们听了约拿所传的就悔改了。你看,这里有一位是比约拿更大的。42 审判的时候,南方的女王要和这个世代一同起来,定这个世代的罪,因为她从地极来到,要听所罗门智慧的话。你看,这里有一位是比所罗门更大的。
污灵去而复返的教训(路11:24~26)
43 "有一个污灵离开了一个人,走遍干旱之地,寻找栖身的地方,却没有找到。44 他就说:‘我要回到我从前离开了的那房子。’到了之后,看见里面空着,已经打扫干净,粉饰好了,45 他就去带了另外七个比自己更恶的污灵来,一齐进去住在那里;那人后来的情况,比以前更坏了。这邪恶的世代也会这样。"
谁是耶稣的母亲和弟兄(可3:31~35;路8:19~21)
46 耶稣还在对群众讲话的时候,他的母亲和弟弟站在外面,要找他讲话。47 有人告诉耶稣:"你的母亲和弟弟站在外面,有话要跟你说。"48 他回答那人:"谁是我的母亲?谁是我的弟兄?"49 他伸手指着门徒说:"你看,我的母亲,我的弟兄!50 凡是遵行我天父旨意的,就是我的弟兄、姊妹和母亲了。"