ညီအစ်ကိုချင်းတရားတွေ့ခြင်း
1 သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကို မခံဘဲ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစ်စုံတစ်ယောက်ရှိသလော။- 2 သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော။- 3 ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည် မဟုတ်လော။- 4 ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင်စရာရှိလျှင်၊ အသင်းတော်၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ၌ ခန့်ထားကြလော့။- 5 ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှာ ပြောဆို၏။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်မျှ မရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသလော။- 6 ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက၊ မယုံကြည်သော သူတို့ရှေ့၌ပင် တရားတွေ့ပါသည်တကား။- 7 ထိုသို့သင်တို့သည် အချင်းချင်း တရားတွေ့သည်အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့် မခံသနည်း။- 8 ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် ညှဥ်းဆဲ၍၊ ညီအစ်ကိုချင်းတို့၏ ဥစ္စာကို သိမ်းယူကြသည်တကား။- 9 မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊- 10 သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။- 11 အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် သခင်ယေရှု၏ နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။
ကိုယ်ခန္ဓာသည်ဘုရားဂုဏ်တော်အဖို့
12 ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။-၁ကော၊ ၁၀:၂၃။13 အစားအသောက်တို့သည် ဝမ်းအဖို့၊ ဝမ်းသည်လည်း အစားအသောက်တို့အဖို့ ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။- 14 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။- 15 သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏အင်္ဂါ ဖြစ်စေအပ်သလော။ မဖြစ်စေအပ်။- 16 အဘယ်သို့နည်း။ ပြည့်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။-က၊ ၂:၂၄။17 သခင်ဘုရား၌ မှီဝဲသောသူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။- 18 မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင် ပြစ်မှား၏။- 19 အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။-၁ကော၊ ၃:၁၆။ ၂ကော၊ ၆:၁၆။20 သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။
信徒的争执应由教会审判
1 你们中间有人和弟兄起了争执,怎敢告到不义的人面前,却不告在圣徒面前呢?2 你们不知道圣徒要审判世界吗?既然世界要由你们来审判,难道你们不配审判这些最小的事吗?3 你们不知道我们要审判天使吗?何况今生的事呢?4 你们既然要审判今生的事,为甚么让教会不重视的人来审判呢?5 我说这话,是要使你们羞愧。难道你们中间没有一个有智慧的人,能够审判弟兄之间的事吗?6 你们竟然是弟兄告弟兄,而且告到不信的人面前去吗?7 你们彼此告状,已经是你们的失败了。为甚么不宁愿受委屈呢?为甚么不甘心吃亏呢?8 但你们反倒使人受委屈,叫人吃亏,而且他们就是你们的弟兄。9 你们不知道不义的人不能承受 神的国吗?不要自欺,无论是行淫乱的、拜偶像的、奸淫的、作娈童的、亲男色的、10 偷窃的、贪心的、醉酒的、辱骂人的或勒索的,都不能承受 神的国。11 你们有些人从前也是这样的,但现在借着我们主耶稣基督的名,靠着我们 神的灵,都已经洗净了,圣洁了,称义了。
要用身体荣耀 神
12 甚么事我都可以作,但不是都有益处。甚么事我都可以作,但我不要受任何事的辖制。13 食物是为了肚腹,肚腹是为了食物;但 神却要把这两样都废掉。身体不是为了淫乱,而是为了主,主也是为了身体。14 神不但使主复活了,也要用他的能力使我们复活。15 你们不知道你们的身体就是基督的肢体吗?这样,我们可以把基督的肢体当作娼妓的肢体吗?当然不可以!16 你们不知道那跟娼妓苟合的,就是与她成为一体了吗?因为经上说:"二人要成为一体。"17 但那与主联合的,就是与他成为一灵了。18 你们要逃避淫乱的事。人所犯的,无论是甚么罪,都是在身体以外,唯有行淫乱的,是触犯自己的身体。19 你们不知道你们的身体就是那位住在你们里面的圣灵的殿吗?这圣灵是你们从 神那里领受的。你们不是属于自己的,20 因为你们是用重价买来的。所以你们务要用自己的身体荣耀 神。