1 ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
ဦးခေါင်းဖုံးအုပ်ခြင်း
2 ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ ငါ့ကို အောက်မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေသတို့ကို စွဲလမ်းကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။- 3 ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း၊ သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။- 4 ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။- 5 မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏။- 6 ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။- 7 ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။- 8 ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။- 9 ယောက်ျားကို မိန်းမဖို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏။- 10 ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
11 သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမဖြစ်သည်မဟုတ်။ မိန်းမ မပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။- 12 မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံတို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။- 13 မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။- 14 ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။- 15 မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင်သည် မိမိခြုံစရာဖို့ ဖြစ်၏။- 16 သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။
သခင်ဘုရား၏ပွဲတော်မင်္ဂလာ
17 တစ်ဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှာ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။- 18 ပထမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။- 19 ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှာ သင်းခွဲခြင်းရှိရမည်။- 20 သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှာ စည်းဝေးကြသည်မဟုတ်။- 21 အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။- 22 သင်တို့သည် စားသောက်ရာဖို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။
23 အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသော နေ့ညမှာ မုန့်ကိုယူ၍၊- 24 ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဖို့အလိုငှာ ချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ ပြုကြလော့ဟု မိန့်တော်မူ၏။- 25 ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကိုအောက်မေ့ဖို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။- 26 အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော် မမူမီတိုင်အောင် ပြကြ၏။- 27 ထိုကြောင့် သခင်ဘုရား၏မုန့်နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။- 28 သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။- 29 အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။
30 ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။- 31 ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။- 32 စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။- 33 ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှာ စည်းဝေးသောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ငံ့လင့်ကြလော့။- 34 တစ်စုံတစ်ယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှာ ထိုသူသည် မိမိအိမ်၌ စားစေ။ ကြွင်းသောအမှုများကို ငါလာသောအခါ စီရင်မည်။
1 你们应该效法我,好象我效法基督一样。
女人蒙头的问题
2 我称赞你们,因为你们在一切事上都记念我,又持守我传交给你们的教训。3 但是我愿意你们知道,基督是男人的头,男人是女人的头"男人是女人的头"或译:"丈夫是妻子的头", 神是基督的头。4 男人祷告或讲道的时候,如果蒙着头,就是羞辱自己的头。5 女人祷告或讲道的时候,如果不蒙着头,就是羞辱自己的头,因为这就好象剃了头发一样。6 女人要不蒙着头,她就应当把头发剪了;如果女人以为剪发或剃头是羞耻的事,她就应当蒙着头。7 男人不应蒙着头,因为他是 神的形象和荣耀,而女人是男人的荣耀。8 因为男人不是由女人而出,女人却是由男人而出,9 并且男人不是为了女人而造的,女人却是为了男人而造的。10 因此,为天使的缘故,女人应当在头上有服权柄的记号。
11 然而在主里面,女人不可以没有男人,男人也不可以没有女人。12 因为正如女人是由男人而出,照样,男人是借着女人而生;万有都是出于 神。13 你们自己判断一下,女人向 神祷告的时候不蒙头,是合适的吗?14 人的本性不是也教导你们,如果男人有长头发,就是他的羞耻吗?15 如果女人有长头发,不就是她的荣耀吗?因为头发是给她作盖头的。16 如果有人想要强辩,我们却没有这种习惯, 神的众教会也没有。
要用合适的态度吃主的圣餐(太26:26~28;可14:22~24;路22:17~20)
17 我现在要吩咐你们,不是要称赞你们,因为你们聚集在一起,并没有得到益处,反而有害处。18 首先,我听说你们在聚会的时候,你们中间起了分裂,这话我也稍微相信。19 你们中间会有分党结派的事,这是必然的,为的是要使那些经得起考验的人显明出来。20 你们聚集在一起,不是吃主的晚餐,21 因为吃的时候,各人都先吃自己的晚餐,结果有人饥饿,有人醉了。22 难道你们没有家可以吃喝吗?还是你们藐视 神的教会,使那些没有的羞愧呢?我向你们可以说甚么呢?称赞你们吗?在这事上我不能称赞。
23 我当日传交给你们的,原是从主领受的,就是主耶稣被出卖的那一夜,他拿起饼来,24 祝谢了,就擘开,说:"这是我的身体,为你们擘开的;你们应当这样行,为的是记念我。"25 饭后,照样拿起杯来,说:"这杯是用我的血所立的新约,你们每逢喝的时候,应当这样行,为的是记念我。"26 你们每逢吃这饼,喝这杯,就是宣扬主的死,直等到他来。
27 因此,无论甚么人若用不合适的态度吃主的饼,喝主的杯,就是得罪主的身体、主的血了。28 所以人应当省察自己,然后才吃这饼,喝这杯。29 因为那吃喝的人,如果不辨明是主的身体,就是吃喝定在自己的身上的罪了。30 因此,你们中间有许多人是软弱的,患病的,而且死了"死了"直译作"睡了"的也不少。31 我们若仔细省察自己,就不会受审判了。32 然而我们被主审判的时候,是受他的管教,免得和世人一同被定罪。33 所以,我的弟兄们,你们聚集在一起吃的时候,要彼此等待。34 如果有人饿了,就应当在家里先吃,免得你们聚集在一起的时候受到审判。其余的事,我来的时候再作安排。