မတရားသောမေထုန်၌မှီဝဲသူ
1 မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။-တရား၊ ၂၂:၃၀။2 ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည်အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာနထောင်လွှားလျက် နေကြ၏။- 3 ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။- 4 စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊- 5 ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။- 6 သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။-ဂလ၊၅:၉။7 သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။-ထွ၊ ၁၂:၅။8 ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။-ထွ၊ ၁၃:၇။ တရား၊၁၆:၃။9 သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသောသူတို့နှင့် မပေါင်းဖော်မည်အကြောင်း၊ အထက်ဩဝါဒစာ၌ ငါရေးထားခဲ့ပြီ။- 10 ထိုသို့ရေးထားသော်၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့နှင့် အလျှင်းမပေါင်းဖော်ရဟု မဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည် လောကီမှ ထွက်သွားရကြမည်။- 11 ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။- 12 ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။- 13 ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့။
行淫乱的人应当赶出教会
1 听说你们中间竟然有淫乱的事,这样的淫乱在教外人中间都没有,就是有人和他的继母同居。2 你们还是自高自大!难道你们不该觉得痛心,把作这件事的人从你们中间赶出去吗?3 我身体虽然不在你们那里,心灵却与你们在一起,好象我亲身在那里审判了作这件事的人,4 就是当你们奉我们主耶稣的名聚集在一起,我的灵在那里,我们主耶稣的权能也同在的时候,5 要把这样的人交给撒但,败坏他的身体,使他的灵魂在主的日子可以得救。6 你们这样自夸是不好的。你们不知道一点面酵能使全团面发起来吗?7 你们既是无酵的面,就应当把旧酵除净,好让你们成为新的面团;因为我们逾越节的羊羔基督已经被杀献祭了。8 所以我们守这节,不可用旧酵,也不可用又邪又恶的酵,而是要用纯洁真实的无酵饼。
9 我以前写信告诉你们,不可与淫乱的人来往。10 这话当然不是指这世上行淫乱的、贪心的、勒索的,或拜偶像的人;如果是这样,你们就非脱离这世界不可。11 但现在我写信告诉你们,如果有称为弟兄,却是行淫乱、贪心、拜偶像、辱骂人、醉酒或勒索的,这样的人,不可和他来往,连和他吃饭都不可。12 审判教外的人,跟我有甚么关系?教内的人不是你们审判的吗?13 至于教外的人, 神会审判他们。你们要把那恶人从你们中间赶出去。