တမန်တော်ရပိုင်ခွင့်နှင့်တာဝန်များ
1 ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။- 2 ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ်ခတ်ကြ၏။- 3 ငါ့ကို စစ်ဆေးမေးမြန်းသော သူတို့အား ငါအပြစ်ဖြေရာစကား ဟူမူကား၊- 4 ငါတို့သည် စားသောက်ခြင်းအခွင့် မရှိသလော။- 5 ကေဖနှင့် သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ဒေသစာရီ လှည့်လည်သည်တွင် နှမဖြစ်သောမယား ပါစေခြင်းငှာ အခွင့်မရှိသလော။- 6 ငါနှင့် ဗာနဗသာ အလုပ်မလုပ်ဘဲ နေရသောအခွင့်မရှိဟု ဆိုရသလော။- 7 အဘယ်သူသည် ကိုယ်စရိတ်ကိုသုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကိုမသုံးဘဲ နေရသနည်း။
8 လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။- 9 မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူသလော။- 10 သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူသလော။ လယ်ထွန်သောသူသည် မျှော်လင့်လျက် ထွန်စေခြင်းငှာလည်းကောင်း၊ မျှော်လင့်လျက် စပါးနင်းနယ်သောသူသည် မျှော်လင့်သည်အတိုင်း ရစေခြင်းငှာလည်းကောင်း၊ ငါတို့ကြောင့်သာ ဤသို့ ကျမ်းစာလာ၏။- 11 ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။- 12 အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့်ကိုရလျှင် ငါတို့သည် သာ၍ ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည်မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိစေခြင်းငှာ အရာရာ၌ သည်းခံကြ၏။- 13 ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။- 14 ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။
15 သို့သော်လည်း ထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှာ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ကောင်း၏။- 16 ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။- 17 သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။- 18 သို့ဖြစ်၍ ငါ၏အကျိုး အဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သောအခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာပြုလျှင် ငါ၌အကျိုးရှိ၏။
19 ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှာ လူတကာတို့၏ ကျွန်ခံရ၏။- 20 ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင် မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှာ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။- 21 ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏။- 22 အားနည်းသောသူတို့ကို ရခြင်းအလိုငှာ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။- 23 သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှာ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။
24 မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။- 25 ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှာ ပြုကြ၏။- 26 ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။- 27 သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။
使徒的权利
1 我不是自由的吗?我不是使徒吗?我不是见过我们的主耶稣吗?你们不是我在主里面的工作吗?2 对别人来说,我或许不是使徒,但对你们来说,我总是使徒,因为你们就是我在主里作使徒的印记。
3 对那些盘问我的人,这就是我的答辩。4 难道我们没有权利吃喝吗?5 难道我们没有权利,像其余的使徒、主的弟兄和矶法一样,带着信主的妻子往来吗?6 难道只有我和巴拿巴没有权利不作工吗?7 有谁当兵要自备粮饷呢?有谁栽种葡萄园,不吃园里的果子呢?有谁牧养羊群,不喝羊的奶呢?8 我说这话,不是照着人的意见,律法不也是这样说吗?9 就在摩西的律法上记着说:"牛踹谷的时候,不可笼住牠的嘴。"难道 神关心的只是牛吗?10 这不全是为我们说的吗?当然是为我们说的,因为耕种的应当存着希望去耕种,收割的也应当存着希望去分享收获。11 我们既然在你们中间撒了属灵的种子,如果要从你们那里收获一些物质的供应,这算是过分吗?12 如果别人在你们身上享有这种权利,我们不是更可以享有吗?
所作的一切都是为了福音
然而我们没有用过这种权利,反而凡事容忍,免得我们拦阻了基督的福音。13 难道你们不知道,在圣殿供职的,就吃殿中的供物;侍候祭坛的,就分领坛上的祭物吗?14 主也曾这样吩咐,叫传福音的人靠福音为生。15 但这种权利,我一点也没有用过。我写这些话,并不是想叫人这样待我,因为我宁可死,也不让人使我所夸耀的落了空。16 我传福音原是没有可夸的,因我不能不传。如果不传福音,我就有祸了。17 如果我甘心作这事,就有赏赐;即使不甘心,这职责还是托付我了。18 那么,我的赏赐是甚么呢?就是我传福音时,叫人免费得着福音。这样,我就没有用过传福音可以享有的权利了。
19 我虽然自由,不受任何人管辖,但我自愿成为众人的奴仆,为的是要多得一些人。20 对犹太人,我就作犹太人,为了要得着犹太人;对律法以下的人,虽然我自己不在律法之下,还是作了律法以下的人,为了要得着律法以下的人。21 对没有律法的人,我就作了没有律法的人,其实我不是在 神的律法以外,而是在基督的律法之下,为了要得着没有律法的人。22 对软弱的人,我就成了软弱的人,为了要得着软弱的人。对怎么样的人,我就作怎么样的人;无论如何,总要救一些人。23 我所作的一切,都是为了福音的缘故,好让我与别人同享福音的好处。
24 难道你们不知道,在场上赛跑的人,虽然大家都跑,但得奖的只有一个人吗?你们都应当这样跑,好叫你们可以得奖。25 凡参加运动比赛的,在一切事上都有节制;他们这样作,不过要得到能坏的冠冕,我们却是要得不朽的冠冕。26 所以我奔跑,不是没有目标的;我斗拳,不是打空气的。27 我要克制自己的身体,叫身体服我,免得我传了给别人,自己反而落选了。