ဝိညာဉ်ဆုကျေးဇူး
1 ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- 2 သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတစ်ပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။- 3 ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကိုလည်းကောင်း၊ သင်တို့သည် သိနားလည်စေခြင်းငှာ ငါသတိပေး၏။- 4 ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။- 5 ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တစ်ပါးတည်းရှိ၏။- 6 ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တစ်ပါးတည်းရှိ၏။- 7 ကောင်းသောအကျိုးအလိုငှာသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။- 8 အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။- 9 ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။- 10 တစ်ယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကိုလည်းကောင်း ပေးတော်မူ၏။- 11 ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
ကိုယ်တစ်ခုတည်း၌အင်္ဂါအများရှိ
12 ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။- 13 အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။- 14 ကိုယ်သည် အင်္ဂါတစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊- 15 ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- 16 နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- 17 တစ်ကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။- 18 ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။- 19 ထိုမှတစ်ပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတစ်ခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။- 20 ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တစ်ခုတည်းရှိ၏။- 21 မျက်စိက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။- 22 အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။- 23 တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။- 24 တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။- 25 ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- 26 သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။- 27 သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။- 28 ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကိုလည်းကောင်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကိုလည်းကောင်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကိုပြောနိုင်သော သူတို့ကိုလည်းကောင်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။- 29 သင်းဝင်သူ ရှိသမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ် ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကို ပြနိုင်ကြသလော။- 30 ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်ကြသလော။- 31 သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကို ငါပြဦးမည်။
属灵的恩赐
1 弟兄们,关于属灵的恩赐,我不愿意你们不明白。2 你们知道,你们还是教外人的时候,总是受迷惑被引诱,去拜那不能说话的偶像。3 所以我要你们知道,被 神的灵感动而说话的人,没有一个会说"耶稣是可咒诅的";除非是被圣灵感动,也没有人能说"耶稣是主"。
4 恩赐有许多种,却是同一位圣灵所赐的;5 服事的职分有许多种,但是同一位主;6 工作的方式也有许多种,但仍是一位 神,是他在众人里面作成一切。7 圣灵显现在各人的身上,为的是要使人得着益处。8 有人借着圣灵领受了智慧的言语,又有人靠着同一位圣灵领受了知识的言语,9 又有人因着同一位圣灵领受了信心,还有人因着这位圣灵领受了医病的恩赐,10 另有人可以行神迹,另有人可以讲道,另有人可以辨别诸灵,也有人能说各种的方言,也有人能翻译方言。11 这一切都是这同一位圣灵所作的,他按照自己的意思个别地分给各人。
12 正如身体是一个,却有许多肢体,而且肢体虽然很多,身体仍是一个;基督也是这样。13 我们无论是犹太人,是希腊人,是作奴隶的,是自由的,都在那一位圣灵里受了洗,成为一个身体,都饮了那一位圣灵。14 原来身体有许多肢体,并不是只有一个肢体。15 假如脚说:"我不是手,所以我不属于身体。"它不能因此就不属于身体。16 假如耳朵说:"我不是眼睛,所以我不属于身体。"它也不能因此就不属于身体。17 假如整个身体只是眼睛,怎样听呢?假如整个身体只是耳朵,怎样闻味呢?18 但现在 神按照自己的意思,把肢体一一放在身体上。19 假如所有的只是一个肢体,怎能算是身体呢?20 但现在肢体虽然很多,身体却只是一个。21 眼睛不能对手说:"我不需要你。"头也不能对脚说:"我不需要你们。"22 相反地,身体上那些似乎比较软弱的肢体,更是不可缺少的。23 我们认为身体上不大体面的部分,就更加要把它装饰得体面;不大美观的部分,就更加要使它美观。24 我们身体上美观的部分,就不需要这样了。但 神却这样把身体组成了:格外地把体面加给比较有缺欠的肢体,25 好使肢体能够互相照顾,免得身体上有了分裂。26 如果一个肢体受苦,所有的肢体就一同受苦;如果一个肢体得荣耀,所有的肢体就一同快乐。
27 你们就是基督的身体,并且每一个人都是作肢体的。28 神在教会里所设立的,第一是使徒,第二是先知,第三是教师,其次是行神迹的,再其次是有医病恩赐的,帮助人的,治理事的,说各种方言的。29 难道都是使徒吗?都是先知吗?都是教师吗?都是行神迹的吗?30 都是有医病恩赐的吗?都是说方言的吗?都是翻译方言的吗?31 你们却要热切地追求那些更大的恩赐。