မိစ္ဆာပရောဖက်
1 သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။- 2 သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။- 3 သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွှဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။
4 အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။- 5 ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။- 6 သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ၏။- 7 ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ယှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နုတ်တော်မူ၏။- 8 ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။- 9,10 ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။- 11 ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။- 12 သူတို့မူကား၊ ဖမ်း၍ဖျက်ဆီးဖို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျက်စီးခြင်းသို့ရောက်၍၊ မတရားသောအမှု၏ အပြစ်ကို ခံရကြလိမ့်မည်။- 13 နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူ စားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ်ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။- 14 သူတို့သည် သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသောမျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။- 15 ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏သားဗာလမ်၏လမ်းကို လိုက်ကြ၏။- 16 ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့်မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။
17 ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့လည်းကောင်း၊ လေတိုက်၍ လွင့်သောမိုးတိမ်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ သူတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။- 18 အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသော အချည်းနှီးစကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။- 19 လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ကျွန် ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏သခင် ဖြစ်၏။- 20 ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တစ်ဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။- 21 ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တစ်ဖန် စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။- 22 ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။သု၊ ၂၆း၁၁။
提防假先知和假教师
1 从前在人民中,曾有假先知出来;照样,将来在你们中间,也必有假教师出现。他们偷偷把使人灭亡的异端引进来,甚至否认那曾经买赎他们的主,迅速地自取灭亡。2 许多人会随从他们的淫行,因此真理的道,就因他们的缘故被人毁谤。3 他们因为有贪心,就用捏造的话,想在你们身上图利;惩罚他们的,自古以来就没有松懈;毁灭他们的,也不会打盹。
4 神没有姑息犯罪的天使,反而把他们丢入地狱,囚禁在幽暗的坑里,等候审判。5 神也没有姑息上古的世界,反而使洪水临到那不敬虔的世人,只保存了传义道的挪亚一家八口。6 神判定了所多玛、蛾摩拉二城的罪,把它们倾覆,烧成灰烬,作为后世不敬虔的人的鉴戒;7 只救了那因恶人的淫行而常受委屈的义人罗得;8 因为这义人住在他们中间,天天看见和听见他们不法的事,他正直的心就感到伤痛。9 主知道怎样搭救敬虔的人脱离试探,又把不义的人留下来,等候在审判的日子受刑罚,10 尤其是那些随从肉体,生活在污秽的私欲中,和轻蔑当权的,更是这样。他们胆大任性,毫无畏惧地毁谤在尊位的。11 就是天使,虽有更大的力量与权能,尚且不用毁谤的话在主面前控告他们。12 但这些人,好象没有理性的牲畜,生下来就是给人捉去宰杀的;他们毁谤自己所不知道的事,必在自己的败坏中灭亡。13 他们行不义,就得了不义的工价。他们在白昼纵情作乐,满了污点与瑕疵,和你们一同吃饭的时候,就因自己的诡诈而沾沾自喜。14 他们满眼淫色,而且不住地犯罪。他们引诱心志不坚固的人。他们的心习惯了贪婪,是应当受咒诅的族类。15 他们离弃正路,走入歧途,跟从了比珥的儿子巴兰的道路。这巴兰贪爱不义的工价,16 他曾经因着自己的过犯受了责备:不能说话的驴,竟用人的声音说出话来,制止了这先知的狂妄。
17 这些人是无水的泉源,是暴风催逼的雾气,有漆黑的幽暗为他们存留。18 因为他们说虚妄夸大的话,用肉体的私欲和邪荡的事,引诱那些刚刚逃脱了错谬生活的人。19 他们应许给人自由,自己却作了败坏的奴仆;因为人给谁制伏了,就作谁的奴仆。20 如果他们因为认识我们的主、救主耶稣基督,可以脱离世上的污秽,后来又在其中被缠住、受制伏,他们末了的景况,就比先前的更不好了。21 既然认识了义路,竟又背弃传给他们的圣诫命,对他们来说,倒不如不认识好得多了。22 他们的情形,正像俗语所说的:
"狗转过来,又吃自己所吐的;
猪洗净了,又到污泥中去打滚。"