1 ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီသုဿင်သည်၊- 2 ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။-တ၊ ၁၈:၁။3 ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ဆုကျေးဇူးတော်များ
4-6 အထက်က ခရစ်တော်၏သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။- 7 ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေစဉ်၊ ဆုတော် တစ်စုံတစ်ခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။- 8 သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။- 9 ငါတို့သခင်တည်းဟူသော သားတော်မြတ် သခင်ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
အသင်းတော်တွင်းကွဲပြားခြင်း
10 ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံ တစ်သမတ်တည်း ရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။- 11 အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။- 12 သင်တို့က၊ ငါသည် ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည် ကေဖတပည့်ဖြစ်၏။ ငါသည် ခရစ်တော်တပည့်ဖြစ်၏ဟု အသီးအသီး ပြောကြသောကြောင့် ငါဆိုရ၏။-တ၊ ၁၈:၂၄။13 ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။- 14 ကရိပ္ပုနှင့် ဂါယုမှတစ်ပါး၊ သင်တို့တွင် အဘယ်သူအားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။-တ၊ ၁၈:၈၊ ၁၉:၂၉။ ရော၊ ၁၆:၂၃15 သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံကိုပေးသည်ဟု အဘယ်သူမျှ ဆိုစရာအကြောင်းမရှိ။- 16 သတေဖန်၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတစ်ပါး အခြားသောသူအား ဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။၁ကော၊ ၁၆:၁၅။
17 ဗတ္တိဇံကိုပေးစေခြင်းငှာ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။
ဘုရားသခင်၏တန်ခိုးနှင့်ပညာဖြစ်သောခရစ်တော်
18 အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- 19 ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။-ဟေရှာ၊ ၂၉:၁၄။20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။-ယောဘ၊ ၁၂:၁၇။ ဟေရှာ၊ ၁၉:၁၂၊ ၃၃:၁၈၊ ၄၄:၂၅။21 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။- 22 ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။- 23 ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။- 24 သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။- 25 ဘုရားသခင်၏ မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။
26 ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။- 27 ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- 28 မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။- 29 ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။- 30 ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။- 31 သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။ယေ၊ ၉:၂၄။
问安
1 奉 神旨意蒙召作基督耶稣使徒的保罗,和苏提尼弟兄,2 写信给在哥林多 神的教会,就是在基督耶稣里已经被分别为圣,蒙召为圣徒的人,和所有在各地呼求我们主耶稣基督的名的人。基督是他们的主,也是我们的主。3 愿恩惠平安从我们的父 神和主耶稣基督临到你们。
为信徒感谢 神
4 我因着 神在基督耶稣里赐给你们的恩典,常常为你们感谢我的 神,5 因为你们在他里面凡事都富足,很有口才,知识丰富,6 就如我们为基督所作的见证在你们中间得到坚立一样,7 以致你们在恩赐上一无所缺,殷切盼望着我们主耶稣基督的显现;8 他也必坚定你们到底,使你们在我们主耶稣基督的日子无可指摘。9 神是信实的,他呼召了你们,是要你们与他的儿子我们主耶稣基督连合在一起。
基督是分开的吗?
10 弟兄们,我凭着我们主耶稣基督的名,劝你们大家要同心,在你们中间不要分党,只要在同一的心思、同一的意念上团结起来。11 我的弟兄们,革来氏家里的人向我提到你们,说你们中间有纷争。12 我的意思就是,你们各人说,我是保罗派的,我是亚波罗派的,我是矶法派的,我是基督派的。13 基督是分开的吗?保罗为你们钉了十字架吗?你们受洗是归入保罗的名下吗?14 我感谢 神,除了基利司布和该犹以外,我没有给你们任何人施过洗,15 所以你们没有人可以说是受洗归入我名下的。16 我也给司提反一家的人施过洗;此外,有没有给别人施过洗,我就不记得了。17 基督差遣我,不是要我去施洗,而是去传福音;不是靠着智慧的言论去传,免得基督的十字架失去了效力。
基督是 神的能力和智慧
18 因为十字架的道理,对走向灭亡的人来说是愚笨的,但对我们这些得救的人,却是 神的大能。19 因为经上记着说:
"我要灭绝智慧人的智慧,
废弃聪明人的聪明。"
20 智慧人在哪里?经学家在哪里?今世的辩士在哪里? 神不是使属世的智慧变成了愚笨吗?21 因为在 神的智慧里,世人凭自己的智慧,既然不能认识 神, 神就乐意借着所传的愚笨的道理,去拯救那些信的人。22 犹太人要求神迹,希腊人寻找智慧,23 我们却传扬钉十字架的基督;在犹太人看来是绊脚石,在外族人看来是愚笨的,24 但对那些蒙召的人,不论是犹太人或希腊人,基督是 神的能力, 神的智慧。25 因为 神的愚笨总比人智慧, 神的软弱总比人刚强。
26 弟兄们,你们想想,你们这些蒙召的,按人"人"或译:"世上的标准"、"世界的标准"来看有智慧的不多,有权势的不多,出身尊贵的也不多。27 但是 神却拣选了世上愚笨的,使那些有智慧的羞愧。他也拣选了世上软弱的,使那些刚强的羞愧。28 他也拣选了世上卑贱的和被人轻视的,以及算不得甚么的,为了要废弃那些自以为是的,29 使所有的人在 神面前都不能自夸。30 你们因着 神得以在基督耶稣里,他使基督成了我们的智慧;就是公义、圣洁和救赎,31 正如经上所说的:
"夸口的应当靠着主夸口。"