ပေါလု၏နှုတ်ဆက်စကား
1 ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။- 2 သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။- 3 ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။-တ၊ ၁၈:၂။4 ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။- 5 သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။- 6 ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။- 7 ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်း အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။- 8 သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။- 9 ငါတို့နှင့်အတူ ခရစ်တော်၏အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။- 10 တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- 11 ငါ၏အဆွေအမျိုး ဟေရောဒျုန်နှင့် တပည့်တော်ဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- 12 သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိကိုလည်းကောင်း နှုတ်ဆက်ကြလော့။- 13 မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။-မာ၊ ၁၅:၂၁။14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။- 15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- 16 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
နောက်ဆုံးညွှန်ကြားချက်များ
17 ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။- 18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။- 19 သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှာလည်းကောင်း၊ ဆိုးသောအမှု၌ကား၊ အပြစ်ကင်းစေခြင်းငှာလည်းကောင်း ငါအလိုရှိ၏။- 20 ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။- 21 ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်၊ သောသိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-တ၊ ၁၆:၁။22 ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။- 23 ငါ့ကိုလည်းကောင်း၊ သင်းဝင်သူ အပေါင်းတို့ကိုလည်းကောင်း လက်ခံ၍ ဧည့်သည်ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-တ၊ ၁၉:၂၉။ ၁ကော၊ ၁:၁၄။ ၂တိ၊ ၄:၂၀။24 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
ချီးမွမ်းဆုတောင်းပတ္ထနာ
25 ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊- 26 လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ ကျမ်းစာများလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အား ဖော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှာ တတ်နိုင်တော်မူသောအရှင်၊- 27 တစ်ဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
ရောမဩဝါဒစာပြီး၏။
推荐非比
1 我向你们推荐我们的姊妹非比;她是坚革里教会的执事。2 请你们在主里用合乎圣徒身分的态度去接待她。无论她在甚么事上有需要,请你们都帮助她;因为她曾经帮助许多人,也帮助了我。
保罗问候众圣徒
3 问候在基督耶稣里与我同工的百基拉和亚居拉;4 他们为了我的性命,置生死于度外,不但我感激他们,连外族的众教会也感激他们。5 也问候他们家里的教会。问候我亲爱的以拜尼妥,他是亚西亚省初结的果子。6 问候马利亚,她为你们多多劳苦。7 问候曾经与我一同被囚的亲族安多尼古和犹尼亚;他们在使徒中是有名望的,也比我先在基督里。8 问候在主里我亲爱的暗伯利。9 问候在基督里与我们同工的珥巴努和我亲爱的士达古。10 问候在基督里蒙称许的亚比利。问候亚里斯多博家里的人。11 问候我的亲族希罗天。问候拿其舒家中在主里的人。12 问候在主里劳苦的土非拿和土富撒。问候亲爱的彼息;她在主里多多劳苦。13 问候在主里蒙拣选的鲁孚和他的母亲;她也是我在主里的母亲。14 问候亚逊其都、弗勒干、赫米、百罗巴、赫马,以及和他们在一起的弟兄们。15 问候非罗罗哥和犹利亚,尼利亚与他的姊妹和阿林巴,以及同他们在一起的众圣徒。16 你们要用圣洁的亲吻彼此问安。基督的众教会都问候你们。
提防背道的人
17 弟兄们,我劝你们要提防那些离间你们、绊倒你们、使你们违反你们所学的教义的人。你们也要避开他们,18 因为这样的人不服事我们的主基督,只服事自己的肚腹,用花言巧语欺骗老实人的心。19 你们的顺服已经名闻各处,所以我为你们高兴。我愿你们在善事上有智慧,在恶事上毫不沾染。20 赐平安的 神快要把撒但践踏在你们脚下。愿我们主耶稣的恩惠与你们同在。
问安和颂赞
21 我的同工提摩太和我的亲族路求、耶逊和所西巴德都问候你们。22 我─代笔写这封信的德图─也在主里问候你们。23 那接待我也接待全教会的该犹,问候你们。本城的司库以拉都和夸图弟兄问候你们。有些抄本有第24节:"愿我们主耶稣基督的恩惠,与你们众人同在。阿们。"
25 神能依照我所传的福音和耶稣基督所传的信息,照着他奥秘的启示,坚定你们。这奥秘自古以来秘而不宣,26 但现在借着众先知所写的,照着永恒的 神的谕旨,已经向万国显明出来,使他们相信而顺服。27 愿荣耀借着耶稣基督,归给独一全智的 神,直到永远。阿们。