ဘုရားသခင်၏ကရုဏာတော်
1 သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟု မေးသော်၊ ပယ်တော်မမူဟု ဆိုရ၏။ ငါပင် ဣသရေလလူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။-ဖိ၊ ၃:၅။2 ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အို ထာဝရဘုရား၊- 3 သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင့်ရှေ့မှာ ဣသရေလအမျိုးတစ်ဖက်၌ လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသောအကြောင်းကို သင်တို့သည် မသိကြသလော။-၃ရာ၊ ၁၉:၁၀၊၁၄။4 ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ်ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။-၃ရာ၊ ၁၉:၁၈။5 ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန်ရှိသေး၏။- 6 ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ၊ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့် ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ၊ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။ 7 သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။- 8 ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကိုလည်းကောင်း၊ မမြင်နိုင်သော မျက်စိကိုလည်းကောင်း၊ မကြားနိုင်သော နားကိုလည်းကောင်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့တိုင်အောင် ပြည့်စုံသတည်း။-တရား၊ ၂၉:၄။ ဟေရှာ၊ ၂၉:၁၀။9 ဒါဝိဒ်၏စကား ဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်လည်းကောင်း၊ ဂျမ်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ ခံထိုက်သော အပြစ်သော်လည်းကောင်း ဖြစ်ပါစေ။-ဆာ၊ ၆၉:၂၂-၂၃။10 သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာသတည်း။
လူမျိုးခြားတို့အတွက်ကယ်တင်ခြင်း
11 သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည် လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တစ်ပါးအမျိုးသားတို့၌ သက်ရောက်လေ၏။- 12 သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုလည်းကောင်း၊ သူတို့၏ရှုံးခြင်းအရာသည် တစ်ပါးအမျိုးသားတို့၏ စီးပွားကိုလည်းကောင်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော။ 13,14 ထိုသို့ဆိုသော်၊ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။- 15 ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိတ်သဟာယဖွဲ့ခြင်းအကြောင်းဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။- 16 အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တစ်ပုံလုံး သန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။- 17 အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့်အတူ သံလွင်ပင်အမြစ်ကိုလည်းကောင်း၊ အဆီဩဇာကိုလည်းကောင်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။- 18 ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။- 19 ငါ့ကိုဆက်၍စိုက်ခြင်းငှာ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။- 20 မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကို ချိုးဖဲ့သည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်းစိတ် ရှိစေလော့။- 21 အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။- 22 သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကိုလည်းကောင်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကို ခံရမည်။- 23 သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တစ်ဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန်ဆက်၍ စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။- 24 အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
ဣသရေလတို့အတွက်ကယ်တင်ခြင်း
25 ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ် မရှိစေမည်အကြောင်း၊ တစ်ပါးအမျိုးသားအပေါင်းတို့သည် မဝင်မီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်း ဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- 26 ထိုသို့ ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတ္တံ့၊- 27 သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း။-ဟေရှာ၊ ၅၉:၂၀-၂၁။28 သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။- 29 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊- 30 သင်တို့သည် အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်းကို ခံရသကဲ့သို့၊- 31 ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။- 32 ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှာ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
ဂုဏ်တော်ချီးမွမ်းခြင်း
33 ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။-ဟေရှာ၊ ၅၅:၈။34 ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။-ဟေရှာ၊ ၄၁:၁၃။35 ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဖူးသနည်း။-ယောဘ၊ ၄၁:၁၁။36 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အဖို့ အလိုငှာလည်းကောင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
神并没有丢弃以色列人
1 那么我要说,难道 神丢弃了他的子民吗?绝对没有!因为我自己也是以色列人,是亚伯拉罕的后裔,属于便雅悯支派的。2 神并没有丢弃他预先知道的子民。难道你们不知道在经上以利亚的话是怎样说的吗?他向 神控诉以色列人:3 "主啊,他们杀了你的众先知,拆毁了你的祭坛,只剩下我一个人,他们还在寻索我的性命。"4 但 神怎样回答他呢?"我为自己留下了七千人,是没有向巴力屈膝的。"5 因此,现在也是这样,按着恩典的拣选,还有剩下的余数。6 既然是靠着恩典,就不再是由于行为了;不然的话,恩典就不再是恩典了。7 那又怎么样呢?以色列人恳切寻找的,他们没有得到,蒙拣选的人倒得着了。其余的人都成了顽固的,8 正如经上所记:
" 神给了他们麻木的灵,
有眼睛却看不见,
有耳朵却听不到,
直到今日。"
9 大卫也说:
"愿他们的筵席成为他们的网罗、陷阱、
绊脚石和报应;
10 愿他们的眼睛昏暗,不能看见;
愿他们的背脊常常弯曲。"
外族人因信得到救恩
11 那么我要说,他们失足是要倒下去吗?绝对不是!反而因为他们的过犯,救恩就临到外族人,为了要激起他们奋发。12 既然他们的过犯可以使世人富足,他们的失败可以使外族人富足,何况他们的丰盛呢?
13 我现在对你们外族人说话,因为我是外族人的使徒,所以尊重我的职分,14 这样也许可以激起我骨肉之亲奋发,使他们中间有一些人得救。15 如果他们被舍弃,世人就可以与 神复和;他们蒙接纳,不就等于从死人中复活吗?16 如果首先献上的生面是圣的,整团面也是圣的;如果树根是圣的,树枝也是圣的。
17 如果把几根树枝折下来,让你这野橄榄可以接上去,一同分享那橄榄树根的汁浆,18 你就不可向那些树枝夸口。你若要夸口,就应当想想:不是你支持着树根,而是树根支持着你。19 那么你会说,那些树枝被折下来,就是要把我接上去。20 不错,他们因为不信而被折下来,你因着信才站立得住。只是不可心高气傲,倒要存畏惧的心。21 神既然不顾惜那本来的树枝,也不会顾惜你。22 所以要留意 神的恩慈和严厉:对跌倒的人,他是严厉的;对你,只要你继续在他的恩慈里,他是恩慈的;不然的话,你也会被砍下来。23 至于他们,如果不是继续不信,他们仍然会被接上去,因为 神能够把他们再接上去。24 你这从野生的橄榄树上砍下来的,尚且可以不自然地接在栽种的橄榄树上,那些本来就有的树枝,不是更能够接在原来的橄榄树上吗?
全以色列都要得救
25 弟兄们,我不愿意你们对这奥秘一无所知,免得你们自以为聪明。这奥秘就是以色列人当中有一部分是硬心的,直到外族人的全数满了;26 这样,全以色列都要得救,如经上所记:
"拯救者必从锡安出来,
除掉雅各家的不敬虔的心;
27 我除去他们罪恶的时候,
就与他们立这样的约。"
28 就福音来说,因你们的缘故,他们是仇敌;就拣选来说,因祖宗的缘故,他们是蒙爱的。29 因为 神的恩赏和呼召是决不会反悔的。30 正如你们从前不顺服 神,现在却因着他们的不顺服,你们倒蒙了怜悯;31 照样,他们因着你们所蒙的怜悯,现在也不顺服,使他们现在也可以蒙怜悯。32 因为 神把所有的人都圈在不顺服之中,为了要怜悯所有的人。
颂赞 神
33 神的丰富、智慧和知识,是多么高深啊!他的判断是多么难测,他的道路是多么难寻!
34 "谁知道主的心意,
谁作过他的参谋?"
35 "谁先给了他,
以致他要偿还呢?"
36 因为万有都是本于他,倚靠他,归于他。愿荣耀归给他,直到永远。阿们。