အစိုးရမင်း၏အုပ်စိုးခြင်း
1 အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက် မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။- 2 ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။- 3 မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဖို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဖို့၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။- 4 မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။- 5 ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။- 6 ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။- 7 ထိုကြောင့်၊ လူအသီးအသီး ခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို လည်းကောင်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။မ၊ ၂၂:၂၁။ မာ၊ ၁၂:၁၇။ လု၊ ၂၀:၂၅။
အချင်းချင်းပြုအပ်သောဝတ်
8 အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။- 9 အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။-ထွ၊ ၂၀:၁၃-၁၅၊ ၁၇။ တရား၊၅:၁၇-၁၉၊ ၂၁။ ဝတ်၊ ၁၉:၁၈။10 ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။
11 ထိုမှတစ်ပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်လည်းကောင်း၊- 12 ညအချိန်ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။- 13 ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- 14 သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။
应当服从政府
1 政府的权柄,人人都应当服从。因为没有一样权柄不是从 神来的;掌权的都是 神设立的。2 所以抗拒掌权的,就是反对 神所设立的;反对的人必自招刑罚。3 执政的不是要使行善的惧怕,而是要使作恶的惧怕。你想不怕掌权的吗?只要行善,就会得到称赞;4 因为他是 神的仆役,是对你有益的。但如果你作恶,就应当惧怕;因为他佩剑,不是没有作用的。他是 神的仆役,是向作恶的人施行刑罚的。5 所以你们必须服从,不但是因为刑罚,也是因为良心的缘故。6 因此,你们也当纳税,因为他们是 神的差役,专责处理这事的。7 你们要向各人清还所欠的;应当纳税的,就要给他纳税;应当进贡的,就给他进贡;应当敬畏的,就敬畏他;应当尊敬的,就尊敬他。
爱是成全律法的
8 不要欠人的债;但在彼此相爱的事上,要觉得是欠了人的债。爱别人的,就成全了律法。9 那"不可奸淫,不可杀人,不可偷盗,不可贪心"等等的诫命,都包括在"爱人如己"这一句话里面了。10 爱是不加害于人的,所以爱是成全律法的。
总要披戴基督
11 还有,你们知道这是甚么时期了,现在正是你们应该睡醒的时候,因为我们得救,现在比初信的时候更加接近了。12 黑夜已深,白昼近了,所以我们要除掉暗昧的行为,带上光明的武器。13 行事为人要光明磊落,好象行在白昼。不可荒宴醉酒,不可放荡纵欲,不可纷争嫉妒。14 总要披戴主耶稣基督,不要为肉体安排,去放纵私欲。