ဖြောင့်မတ်ခြင်းကျေးဇူးတော်
1 ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။- 2 ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာ ခံစားသောအခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။- 3 ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။- 4 သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏။- 5 ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏။- 6 ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။- 7 ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။- 8 ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။- 9 သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။- 10 အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍မျှော်လင့်စရာရှိ၏။- 11 ထိုမျှမက၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိတ်သဟာယဖွဲ့ရာ ကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏။
အာဒံနှင့်ခရစ်တော်
12 ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။-က၊ ၂း၁၇၊၃:၆။13 ပညတ်တရားကို မထားမီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊- 14 သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတ္တံ့သောသူ၏ ပုံပမာဖြစ်သတည်း။
15 သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘော မတူ။ အကြောင်းမူကား၊ လူတစ်ယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။- 16 ထိုမှတစ်ပါး၊ လူတစ်ယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား၊ တရားစီရင်သောအရာမှာ၊ အပြစ်တစ်ခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။- 17 ထိုမှတစ်ပါး၊ လူတစ်ယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတစ်ယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုလည်းကောင်း ခံရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတ္တံ့။- 18 ထိုကြောင့်၊ တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။- 19 အကြောင်းမူကား၊ တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။- 20 ထိုမှတစ်ပါး၊ ပညတ်တရားသည် တစ်ဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။- 21 ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။
因信称义后所得的恩典
1 所以,我们既然因信称义,就借着我们的主耶稣基督与 神和好;2 我们也凭着信,借着他可以进入现在所站的这恩典中,并且以盼望得享 神的荣耀为荣。3 不但这样,我们更以患难为荣;知道患难产生忍耐,4 忍耐产生毅力,毅力产生盼望;5 盼望是不会令人蒙羞的,因为 神借着所赐给我们的圣灵,把他的爱浇灌在我们的心里。6 当我们还软弱的时候,基督就照所定的日期,为不敬虔的人死了。7 为义人死,是少有的;为好人死,或有敢作的;8 唯有基督在我们还作罪人的时候为我们死, 神对我们的爱就在此显明了。9 所以,我们现在既然因他的血称义,就更要借着他免受 神的忿怒。10 我们作仇敌的时候,尚且借着 神儿子的死与他复和,既然复和了,就更要因他的生得救了!11 不但这样,我们现在已经借着我们的主耶稣基督与 神复和,也借着他以 神为荣。
亚当与基督的比较
12 正好象罪借着一个人入了世界,死又是从罪来的,所以死就临到所有人,因为所有人都犯了罪。13 没有律法以前,罪已经在世界上了;不过,没有律法的时候,罪也不算罪。14 可是,从亚当到摩西,死就掌权了,甚至那些不像亚当那样犯罪的人,也在死的权下;亚当正是要来的那一位的预表。
15 但恩赏和过犯是截然不同的;如果因着那一人的过犯,众人都死了, 神的恩典和这一人耶稣基督在恩典里的赏赐,对众人就更加丰盛了。16 这赏赐和那一人犯罪的后果也是不同的;因为审判是由一人而来,以致定罪,恩赏却由许多过犯而来,以致称义。17 如果因着那一人的过犯,死就因那一人而掌权,那些蒙丰富的恩典并且得公义为赏赐的,就更要因这一位耶稣基督在生命中掌权了。18 这样看来,因一次的过犯,所有人都被定罪;照样,因一次的义行,所有人都被称义得生命了。19 因着那一人的悖逆,众人就被列为罪人;照样,因着这一人的顺服,众人也被列为义人了。20 律法的出现,是要叫过犯增多;然而罪在哪里增多,恩典就更加增多了。21 罪借着死掌权;照样,恩典也借着义掌权,使人借着我们的主耶稣基督进入永生。