ဘုရားသခင်၏လူစုတော်
1 ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊- 2 ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။- 3 အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏။- 4 ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်လည်းကောင်း၊ ဘုန်းအာနုဘော်တော်နှင့်လည်းကောင်း၊ ပဋိညာဉ်တရားတို့နှင့်လည်းကောင်း၊ ပညတ်တရားထားခြင်းနှင့်လည်းကောင်း၊ ဝတ်ပြုခြင်းနှင့်လည်းကောင်း၊ ကတိတော်တို့နှင့်လည်းကောင်း၊ ဆိုင်ကြ၏။- 5 ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုး ဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
6 ထိုသို့ဆိုသော် ဘုရားသခင်၏ ကတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန် မဟုတ်။- 7 ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန် မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။-က၊ ၂၁:၁၂။8 ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန် မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။- 9 ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။-က၊ ၁၈:၁၀။10 ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဖက်၍ ပဋိသန္ဓေစွဲယူသောအခါ၊- 11 ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊- 12 သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။-က၊ ၂၅:၂၃။13 ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း။မာလ၊၁:၂-၃။
14 သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့မပြောရ။- 15 ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့်တော်မူ၏။-ထွ၊ ၃၃:၁၉။16 ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- 17 ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။-ထွ၊ ၉:၁၆။18 ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
အမျက်တော်နှင့်ကရုဏာတော်
19 သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။- 20 ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။-ဟေရှာ၊ ၂၉:၁၆၊ ၄၅:၉။21 အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။- 22 ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဖို့ ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။- 23 ချီးမြှောက်ခြင်းအဖို့ ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊- 24 ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဖွယ်ရှိအံ့နည်း။- 25 ဟောရှေ၏ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သောသူကို ငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။-ဟော၊ ၂:၂၃။26 သင်တို့သည် ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။-ဟော၊ ၁:၁၀။27 ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။-ဟေရှာ၊ ၁၀:၂၂-၂၃။28 အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှာ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။- 29 ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။ဟေရှာ၊၁:၉။
ဣသရေလတို့၏မယုံကြည်ခြင်း
30 ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်း ဟူမူကား၊ ဖြောင့်မတ်ခြင်းကို မီအောင်မလိုက်သော တစ်ပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။- 31 ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမီကြ။- 32 အဘယ်ကြောင့် မမီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။- 33 ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟုလာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။ဟေရှာ၊ ၂၈:၁၆။
神拣选以色列人
1 我在基督里说的是实话,并没有撒谎,因为我的良心在圣灵里一同为我作证;2 我大大忧愁,心里常常伤痛。3 为我的同胞,就是我骨肉之亲,就算自己受咒诅,与基督隔绝,我也甘心。4 他们是以色列人:嗣子的名分、荣耀、众约、律法、敬拜的礼仪和各样的应许,都是他们的。5 蒙拣选的列祖也是他们的祖宗;按肉身来说,基督也是出自他们这一族。其实,他是在万有之上,永远受称颂的 神。阿们。
6 当然,这不是说 神的话落了空,因为出自以色列的,不都是以色列人;7 也不因为他们是亚伯拉罕的后裔,就都成为他的儿女,只有"以撒生的,才可以称为你的后裔",8 这就是说,肉身生的儿女并不是 神的儿女,只有凭着应许生的儿女才算是后裔。9 因为所应许的话是这样:"明年这个时候我要来,撒拉必定生一个儿子。"10 不但如此,利百加也是这样:既然从一个人,就是从我们的祖宗以撒怀了孕,11 双生子还没有生下来,善恶也没有行出来为要坚定 神拣选人的旨意,不是由于行为,而是由于那呼召者,12 神就对她说:"将来大的要服事小的。"13 正如经上所记的:
"我爱雅各,
却恶以扫。"
14 既是这样,我们可以说甚么呢? 神不公平吗?绝对不会!15 因为他对摩西说:
"我要怜悯谁,就怜悯谁;
我要恩待谁,就恩待谁。"
16 这样看来,既不是出于人意,也不是由于人为"人为"原文作"奔走"或"奔跑",只在于那怜悯人的 神。17 经上有话对法老说:"我把你兴起来,是要借着你显出我的大能,并且使我的名传遍全地。"18 这样看来,他愿意怜悯谁就怜悯谁,愿意谁刚硬就使谁刚硬。
神显出忿怒又施行怜悯
19 这样,你会对我说:"那么他为甚么责怪人呢?有谁抗拒他的旨意呢?"20 你这个人哪,你是谁,竟敢跟 神顶嘴呢?被造的怎么可以对造他的说:"你为甚么把我做成这个样子呢?"21 陶匠难道没有权用同一团的泥,又做贵重的、又做卑贱的器皿吗?22 如果 神有意要显明他的忿怒,彰显他的大能,而多多容忍那可怒、预备遭毁灭的器皿,23 为了要使他丰盛的荣耀,彰显在那蒙恩、早已预备要得荣耀的器皿上,这又有甚么不可呢?24 这器皿就是我们这些不但从犹太人中,也从外族人中蒙召的人。25 就如 神在何西阿书上说的:
"我要称那不是我子民的为我的子民,
那不蒙爱的为蒙爱的;
26 从前在甚么地方对他们说:
你们不是我的子民,
将来就在那里称他们为永活 神的儿子。"
27 以赛亚指着以色列人大声说:"以色列子孙的数目虽然多如海沙,得救的不过是剩下的余数;28 因为主必在地上迅速而彻底地成就他的话。"29 又如以赛亚早已说过的:
"如果不是万军之主给我们存留后裔,
我们早就像所多玛
和蛾摩拉一样了。"
以色列人因为不信而绊倒
30 既是这样,我们还有甚么可说的呢?那不追求义的外族人却得了义,就是因信而得的义。31 但以色列人追求律法的义"律法的义"原文作"义的律法",却达不到律法的要求。32 这是甚么缘故呢?因为他们不凭信心,只靠行为。他们绊倒在那绊脚石上,33 正如经上所记:
"看哪,我在锡安放了一块绊脚石,
是绊倒人的盘石;
信靠他的人,
必不致失望。"