1 ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှာ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။- 2 ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။- 3 ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။- 4 ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
လူသားအတွက်ကယ်တင်ခြင်း
5 မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။-ဝတ်၊ ၁၈:၅။6 ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရား ဆိုသည်ကား၊- 7 ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာ ကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှာ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။- 8 တစ်ဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း။-တရား၊ ၃၀:၁၂-၁၄။9 အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။- 10 ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။- 11 ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။-ဟေရှာ၊ ၂၈:၁၆။12 ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။- 13 အကြောင်းမူကား၊ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။ယောလ၊ ၂:၃၂။
14 သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။- 15 လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။-ဟေရှာ၊ ၅၂:၇။16 သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယ စကားဟူမူကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်းဟု ဆို၏။-ဟေရှာ၊ ၅၃:၁။17 သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။- 18 သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။-ဆာ၊ ၁၉:၄။19 တစ်ဖန် ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရာသောလူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း၊ ငါပြုမည်ဟု ရှေ့ဦးစွာဆို၏။-တရား၊ ၃၂:၂၁။20 ဟေရှာယသည် သာ၍ ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏အကြောင်းကို မမေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။-ဟေရှာ၊ ၆၅:၁။21 ဣသရေလလူတို့ကို ရည်မှတ်၍ တစ်ဖန် မိန့်တော်မူသည်ကား၊ နားမထောင် ငြင်းဆန်တတ်သော လူမျိုးသို့ တစ်နေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။
1 弟兄们,我心里切切盼望的,并且为以色列人向 神祈求的,是要他们得救。2 我可以为他们作证,他们对 神有热心,但不是按着真见识;3 他们既然不明白 神的义,而又企图建立自己的义,就不服 神的义了。4 因为律法的终极就是基督,使所有信的人都得着义。
求告主名的都必得救
5 论到出于律法的义,摩西写着说:"遵行这些事的人就必因这些事而活。"6 但那出于信心的义却这样说:"你心里不要说:‘谁要升到天上去呢?’就是要把基督领下来,7 或是说:‘谁要下到深渊去呢?’就是要把基督从死人中领上来。"8 然而那出于信心的义还说甚么呢?
"这话与你相近,
在你口里,也在你心里。"
这话就是我们所传信心的信息。9 你若口里认耶稣为主,心里信 神使他从死人中复活,就必得救;10 因为心里相信就必称义,用口承认就必得救。11 经上说:"所有信靠他的人,必不致失望。"12 其实并不分犹太人和希腊人,因为大家同有一位主;他厚待所有求告他的人,13 因为"凡求告主名的,都必得救。"
14 然而,人还没有信他,怎能求告他呢?没有听见他,怎能信他呢?没有人传扬,怎能听见呢?15 如果没有蒙差遣,怎能传扬呢?如经上所记:"那些传美事报喜讯的人,他们的脚踪多么美!"16 但并不是所有的人都顺从福音,因为以赛亚说:"主啊,我们所传的,有谁信呢?"17 可见信心是从所听的道来的,所听的道是借着基督的话来的。18 但是我要说,他们没有听见吗?他们的确听见了,如经上所记:
"他们的声音传遍全地,
他们的言语传到地极。"
19 我再说:以色列人真的不明白吗?首先,摩西说:
"我要使你们对那不是子民的生嫉妒,
对那无知的民族起忿怒。"
20 后来,以赛亚也放胆地说:
"没有寻找我的,我让他们找到;
没有求问我的,我向他们显现。"
21 论到以色列人,他却说:
"我整天向那悖逆顶嘴的子民伸开双手。"