ခရစ်တော်၌အသစ်သောအသက်တာ
1 ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။- 2 သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- 3 သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက် လွန်၍မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။- 4 ဥပမာကား၊ ကိုယ်တစ်ခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှု တစ်ခုတည်းမရှိသကဲ့သို့၊-၁ကော၊ ၁၂:၁၂။5 ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏။- 6 ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည်ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။- 7 ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။- 8 နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။၁ကော၊ ၁၂:၄-၁၁။
9 မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။- 10 ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။- 11 အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့ လိုက်၍ အားထုတ်ကြလော့။- 12 မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။- 13 သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။- 14 သင်တို့ကို ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့။ ကျိန်ဆဲခြင်းကိုမပြု၊ မေတ္တာပို့ခြင်းကိုသာ ပြုကြလော့။-မ၊ ၅:၄၄။ လု၊ ၆:၂၈။15 ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။- 16 အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။-သု၊ ၃:၇။17 အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။- 18 သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။- 19 ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-တရား၊ ၃၂:၃၅။20 ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။-သု၊ ၂၅:၂၁-၂၂။21 အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။
献上自己当作活祭
1 所以弟兄们,我凭着 神的仁慈劝你们,要把身体献上,作圣洁而蒙 神悦纳的活祭;这是你们理所当然的事奉"理所当然的事奉"或译:"属灵的敬拜"。2 不要模仿这个世代,倒要借着心意的更新而改变过来,使你们可以察验出甚么是 神的旨意,就是察验出甚么是美好的、蒙他悦纳的和完全的事。
信徒行事为人的准则
3 我凭着所赐给我的恩典,对你们各人说,不可自视太高,高于所当看的,反而应该照着 神分给各人信心的大小,看得适中。4 就像一个身体有许多肢体,各肢体都有不同的功用;5 照样,我们大家在基督里成为一个身体,也是互相作肢体。6 照着所赐给我们的恩典,我们各有不同的恩赐:说预言的,就应当照着信心的程度去说;7 服事人的,就应当照着恩赐去服事;教导的,就应当照着恩赐教导;8 劝慰的,就应当照着恩赐劝慰;把财物分给人的要真诚;领导的要殷勤;行善的要乐意。
9 爱,不可虚伪;恶,要厌恶;善,要持守。10 要以手足之爱彼此相亲,用恭敬的心互相礼让。11 殷勤不可懒惰,心灵要火热,常常服事主;12 在盼望中要喜乐,在患难中要坚忍,祷告要恒切。13 圣徒有缺乏的,就要接济;客旅要热诚地款待。14 迫害你们的,要为他们祝福;只可祝福,不可咒诅。15 要与喜乐的人一同喜乐,与哀哭的人一同哀哭。16 要彼此同心,不可心高气傲,倒要俯就卑微的。不可自以为聪明。17 不可以恶报恶。大家以为美的事,要努力去作。18 可能的话,总要尽你们的所能与人和睦。19 亲爱的啊,不要为自己伸冤,宁可等候主的忿怒,因为经上记着,主说:"伸冤在我,我必报应。"20 相反地,"如果你的仇敌饿了,就给他吃;如果渴了,就给他喝。因为你这样作,就是把炭火堆在他的头上。"21 不可被恶所胜,反要以善胜恶。