ဘုရားသခင်၏အမျက်တော်ဖလား
1 ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- 2 ပထမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။-ထွ၊ ၉:၁၀။3 ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။- 4 တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေတွင်း ပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။-ထွ၊ ၇:၁၇-၂၁။ ဆာ။ ၇၈:၄၄။5 ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။- 6 ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။- 7 ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။
8 စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- 9 ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- 10 ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။-ထွ၊ ၁၀:၂၁။11 မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
12 ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။-ဟေရှာ၊၁၁:၁၅။13 ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။- 14 နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။- 15 ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။-မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၃:၃။16 အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။ဇာ၊ ၁၂:၁၁။
17 သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။- 18 လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ဗျာ၊ ၈:၅၊ ၁၁:၁၃၊၁၉။
19 မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။-ဟေရှာ၊ ၅၁:၁၇။20 အချိန် အခွက်တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။- 21 ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
神忿怒的七碗
1 我听见有大声音从圣所里发出来,向那七位天使说:"你们去,把 神烈怒的七碗倒在地上!"
2 第一位天使去了,把碗倒在地上,就有恶性的毒疮,生在那些有兽的记号和拜兽像的人身上。
3 第二位天使把碗倒在海里,海水就变成好象死人的血,海里的一切生物都死了。
4 第三位天使把碗倒在江河和众水的泉源里,水就变成了血。5 我听见掌管众水的天使说:
"今在昔在的圣者啊!
你这样审判是公义的,
6 因为他们曾流圣徒和先知的血,
现在你给他们血喝,
这是他们该受的。"
7 我又听见祭坛中有声音说:
"是的,主啊!全能的 神,
你的审判真实、公义!"
8 第四位天使把碗倒在太阳上,太阳就得了能力,可以用火烤人。9 人被高热烧烤,就亵渎那有权柄掌管这些灾难的 神的名,并不悔改,把荣耀归给他。
10 第五位天使把碗倒在兽的座位上,兽的国就黑暗了。人因为痛苦就咬自己的舌头。11 他们又因为所受的痛苦和所生的疮,亵渎天上的 神,并不为自己所作的悔改。
12 第六位天使把碗倒在幼发拉底大河上,河水就干了,为了要给那些从东方来的王预备道路。13 我看见三个污灵,好象青蛙从龙口、兽口和假先知的口中出来。14 他们原是鬼魔的灵,施行奇事;牠们到普天下的众王那里去,叫他们在全能 神的大日聚集作战。15 看哪,我来像贼一样!那警醒、看守自己衣服的是有福的!他就不至于赤身行走,让人看见他的羞耻。16 污灵就把众王聚集在一个地方,希伯来话叫哈米吉多顿。
17 第七位天使把碗倒在空中,就有大声音从圣所的宝座上发出来,说:"成了!"18 于是有闪电、响声、雷轰和大地震,自从地上有人以来,没发生过这么大的地震,19 那大城裂为三段,列国的城也都倒塌了。 神也想起巴比伦大城来,要把自己烈怒的酒杯递给它。20 各海岛都逃避了,众山也不见了。21 有大冰雹从天上落在人的身上,每块重约四十公斤。由于这冰雹的灾,人就亵渎 神,因为这灾太严重了。