ကောင်းကင်ဘုံရှိပလ္လင်
1 ထိုနောက်မှ ငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။- 2 ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ချင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူလည်းရှိ၏။-ယေဇ၊ ၁:၂၆-၂၈။ ၁၀:၁။3 ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ပတ်ဝန်းကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံရှိ၏။- 4 ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသောပလ္လင် နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။- 5 ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။-ထွ၊ ၁၉:၁၆။ ဗျာ၊ ၈:၅။ ၁၁:၁၉၊ ၁၆:၁၈။ ယေဇ၊ ၁:၁၃။ ဗျာ၊ ၁:၄။ ဇာ၊ ၄:၂။
6 ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်စိနှင့် တစ်ကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။-ယေဇ၊ ၁:၂၂၊ ၅-၁၀၊ ၁၀:၁၄။7 ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။- 8 ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ်ပါးတစ်ပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟု နေ့ညမပြတ် ငြိမ်၍မနေဘဲ ပြောဆိုကြ၏။-ယေဇ၊၁:၁၈၊ ၁၀:၁၂။ ဟေရှာ၊၆:၂-၃။9 ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည် ချီးမွမ်းကြသောအခါ၊- 10 အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပျပ်ဝပ်လျက်၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို ကိုးကွယ်လျက်၊- 11 အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့သရဖူများကို ချထားကြ၏။
天上的敬拜
1 这些事以后,我观看,见天上有一道门开着;并且有我第一次听见的那个好象号筒的声音,对我说:"你上这里来!我要把以后必定发生的事指示你。"2 立刻,我在灵里,就看见有一个宝座,设立在天上,有一位坐在宝座上。3 那位坐着的,看来好象碧玉和红宝石,又有彩虹围绕着宝座,看来好象绿宝石。4 宝座的周围有二十四个座位,上面坐着二十四位长老,身穿白衣,头戴金冠。5 有闪电、响声、雷轰从宝座中发出;又有七枝火炬在宝座前点着,这就是 神的七灵。6 宝座前有一个看来好象水晶的玻璃海。
在宝座中间和宝座周围有四个活物,前后布满了眼睛。7 第一个活物像狮子,第二个活物像牛犊,第三个活物的脸面像人,第四个活物像飞鹰。8 四个活物各有六个翅膀,里外布满了眼睛。他们昼夜不停地说:
"圣哉!圣哉!圣哉!
主、全能的 神,
昔在、今在、以后要来的那一位。"
9 每逢四个活物把荣耀、尊贵、感谢献给那坐在宝座上,活到永永远远的那一位的时候,10 二十四位长老就俯伏在坐在宝座上那一位的面前,敬拜那活到永永远远的,又把他们的冠冕放在宝座前,说:
11 "主、我们的 神,
你是配得荣耀、尊贵、权能的,
因为你创造了万有,
万有都是因着你的旨意而存在,而被造的。"