ကုရုမင်းအမိန့်ထုတ်ခြင်း
1 ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပထမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ယေ၊ ၂၅:၁၁၊၂၉:၁၀။2 ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ဟေရှာ၊ ၄၄:၂၈။3 သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသောဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ 4 ဘုရားသခင်၏လူတည်းခိုရာ အရပ်ရပ်၌နေသော သူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဖို့ အလိုလိုလှူသော အလှူမှတစ်ပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5 ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ခြင်းငှာ ထကြ၏။ 6 အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတစ်ပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးထိုက်သောအရာတို့နှင့် မစကြ၏။ 7 ထိုမှတစ်ပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာတို့ကို၊ 8 ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။ 9 ဗိမာန်တော်တန်ဆာစာရင်း ဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတစ်ထောင်၊ ဓားနှစ်ဆယ်ကိုးစင်း၊ 10 ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာတစ်ဆယ်၊ အခြားသောတန်ဆာ တစ်ထောင်၊ 11 ရွှေတန်ဆာ၊ ငွေတန်ဆာ အရေအတွက်ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။
古列王下旨建造圣殿
1 波斯王古列元年,耶和华为要应验他藉耶利米的口所说的话,就激动波斯王古列的心灵,使他通令全国,传达文告说:2 "波斯王古列这样说:‘耶和华天上的 神已经把地上万国赐给我。他指派我在犹大的耶路撒冷为他建造殿宇。3 你们中间凡是他的子民,愿 神与他同在的,都可以上犹大的耶路撒冷去,建造耶和华以色列的 神的殿,他是在耶路撒冷受敬拜的 神。4 所有余民,无论寄居在甚么地方,那地方的人都要用金、银、财物、牲畜帮助他,也要为在耶路撒冷 神的殿献上甘心的礼物。’"
准备回归
5 于是,犹大和便雅悯的族长、祭司、利未人和所有被 神激动了心灵的人,都起来要上去,重建在耶路撒冷耶和华的殿。6 他们四围的人都用银器、金子、财物、牲畜和珍贵的礼物协助他们,另外还有各种甘心奉献的礼物。7 古列王把耶和华殿里的器皿拿出来,就是从前尼布甲尼撒从耶路撒冷拿来放在自己的神庙里的。8 波斯王古列命令司库官米提利达把这些器皿拿出来,按数交给犹大的领袖设巴萨。9 器皿的数目是:金盘三十个、银盘一千个、刀二十九把、10 金碗三十个、次等银碗四百一十个"次等银碗四百一十个":本句意义难确定,或译:"银碗二千四百一十个",其他的器皿一千件。11 全部的金银器皿共有五千四百件。被掳的人从巴比伦上耶路撒冷去的时候,设巴萨把这一切器皿都带上去。