အာဗြံနှင့်ပြုသောပဋိညာဉ်
1 ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ 2 အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ 3 တစ်ဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဖွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။ 4 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ 5 အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုးကောင်းကင်ကိုမျှော်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ရော၊ ၄:၁၈၊ဟေဗြဲ၊ ၁၁:၁၂။6 အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ရော၊ ၄:၃၊ဂလ၊ ၃:၆၊ယာ၊ ၂:၂၃။
7 တစ်ဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဖို့၊ သင်အားပေးလိုသောငှာ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ 8 အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ 9 ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင်တို့ကိုငါဖို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊ 10 ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊ တစ်ကောင်တစ်ကောင်ကို ထက်ဝက်စီခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို တစ်ဖက်တစ်ချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။ 11 ငှက်ရဲတို့သည် အသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။ 12 နေဝင်သောအခါ၊ အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။ယောဘ၊ ၄:၁၃-၁၄။13 ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ထွ၊ ၁:၁-၁၄။ တ၊ ၇:၆။14 သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။ထွ၊ ၁၂:၄၀-၄၁။ တ၊ ၇:၇။15 သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ 16 လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
17 တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။ 18 ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကိုလည်းကောင်း၊တ၊ ၇:၅။19 ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ 20 ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကိုလည်းကောင်း၊ 21 သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟုမိန့်တော်မူ၏။
神与亚伯兰立约
1 这些事以后,耶和华的话在异象中临到亚伯兰说:
"亚伯兰,你不要惧怕,
我是你的盾牌;
你的赏赐是很大的。"
2 亚伯兰说:"主耶和华啊,我一向都没有孩子,你还能赐给我甚么呢?这样,承受我家业的,就是大马士革人以利以谢了。"3 亚伯兰又说:"你既然没有给我后裔,那生在我家中的人,就是我的继承人了。"4 耶和华的话又临到亚伯兰说:"这人必不会作你的继承人;你亲生的才会是你的继承人。"5 于是领他到外面去,说:"你向天观看,数点众星,看你能不能把它们数得清楚。"又对他说:"你的后裔将要这样众多。"6 亚伯兰信耶和华,耶和华就以此算为他的义了。7 耶和华又对亚伯兰说:"我是耶和华,曾经把你从迦勒底的吾珥领出来,为要把这地赐给你作产业。"8 亚伯兰说:"主耶和华啊,我凭甚么能知道我必得这地为业呢?"9 耶和华对他说:"你给我拿一头三岁的母牛犊,一只三岁的母山羊,一只三岁的公绵羊,一只斑鸠和一只雏鸽。"10 亚伯兰就把这一切拿了来,每样都从当中劈开,一半一半相对摆列;只是鸟却没有劈开。11 有鸷鸟下来,落在这些尸骸上,亚伯兰就把牠们吓走了。
12 日落的时候,亚伯兰沉沉地睡着了,忽然有可怕的大黑暗落在他身上。13 耶和华对亚伯兰说:"你要确实地知道,你的后裔必在外地寄居,也必服事那地的人,那地的人苦待他们四百年。14 他们所要服事的那国,我要亲自惩罚。后来他们必带着很多财物,从那里出来。15 你必得享长寿,被人埋葬,平平安安地回到你列祖那里。16 到了第四代,他们必回到这里,因为亚摩利人的罪孽还没有满盈。"17 日落天黑的时候,忽然有冒烟的炉和烧着的火把,从那些肉块中经过。18 就在那时候,耶和华与亚伯兰立约说:
"我已经把这地赐给你的后裔了,
就是从埃及河直到幼发拉底河之地;
19 就是基尼人、基尼洗人、甲摩尼人、20 赫人、比利洗人、利乏音人、21 亚摩利人、迦南人、革迦撒人、耶布斯人之地。"