ဘုရားသခင်နှစ်သက်သောအကျင့်
1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။- 2 အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။- 3 ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊- 4 ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊- 5 သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊- 6 ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။- 7 ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။- 8 ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
9 ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။- 10 ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊- 11,12 ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊ ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
သခင်ဘုရားကြွလာတော်မူခြင်း
13 ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊- 14 ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။- 15 သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။- 16 သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။- 17 ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။- 18 သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။
要讨 神喜悦
1 此外,弟兄们,我们在主耶稣里求你们,劝你们,你们既然接受了我们的教训,知道应该怎样行事为人,并且怎样讨 神喜悦,就要照你们现在所行的更进一步。2 我们凭着主耶稣传给你们的是甚么命令,你们是知道的。3 神的旨意是要你们圣洁,远避淫行;4 要你们各人晓得怎样用圣洁尊贵的方法保守自己的身体"身体"原文作"器皿";5 不要放纵邪情私欲,像那些不认识 神的外族人一样;6 谁也不要在这事上越轨,占弟兄的便宜,因为这一类的事,主必报应。这是我们从前告诉过你们,又严严警戒过你们的。7 神呼召我们,不是要我们沾染污秽,而是要我们圣洁。8 所以那弃绝这命令的,不是弃绝人,而是弃绝把他自己的圣灵赐给你们的那位 神。
9 论到弟兄相爱,用不着人写甚么给你们,因为你们自己受了 神的教导,要彼此相爱。10 其实,你们向全马其顿所有的弟兄,已经这样行了。但是,弟兄们,我们劝你们要更加彼此相爱;11 又要立志过安静的生活,办自己的事,亲手作工,正如我们从前吩咐过你们,12 使你们行事为人可以得到外人的尊敬,自己也不会有甚么缺乏了。
在主里睡了的人必先复活
13 弟兄们,论到睡了的人,我们不愿意你们不知道,免得你们忧伤,像那些没有盼望的人一样。14 我们若信耶稣死了,又复活了,照样,也应该相信那些靠着耶稣已经睡了的人, 神必定把他们和耶稣一同带来。
15 我们现在照着主的话告诉你们:我们这些活着存留到主再来的人,绝不能在那些睡了的人以先。16 因为主必亲自从天降临,那时,有发令的声音,有天使长的呼声,还有 神的号声,那些在基督里死了的人必先复活;17 然后,我们还活着存留的人,必和他们一同被提到云里,在空中与主相会。这样,我们就要和主常常同在。18 所以,你们应该用这些话彼此劝慰。