သမ္မာသတိရှိကြလော့
1 ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ ပေးလိုက်စရာအကြောင်း မရှိ။- 2 အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညအခါလာသကဲ့သို့၊ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။- 3 ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။- 4 သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။- 5 သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက်၏သား မဟုတ်။- 6 သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။- 7 အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။- 8 နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဝတ်ဆောင်ကြကုန်အံ့။- 9 အမျက်တော်ကိုခံစေခြင်းငှာ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှာ ခန့်ထားတော်မူ၏။- 10 ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဖို့ အသေခံတော်မူပြီ။- 11 ထိုကြောင့်၊ သင်တို့သည် ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့။
နောက်ဆုံးညွှန်ကြားချက်
12 ထိုမှတစ်ပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊- 13 သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်း အသင့်အတင့်နေကြလော့။
14 တစ်ဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ် ရှိစေကြလော့။- 15 သူတစ်ပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊ အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။- 16 အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။- 17 မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။- 18 အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။- 19 ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။- 20 ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။- 21 ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။- 22 မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။- 23 ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။- 24 သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
25 ညီအစ်ကိုတို့၊ ငါတို့အဖို့ ဆုတောင်းကြလော့။- 26 ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။- 27 ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဖတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏။- 28 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။
သက်သာလောနိတ်ဩဝါဒစာပထမစောင်ပြီး၏။
警醒谨慎等候主再来
1 弟兄们,论到时候和日期,不用写甚么给你们了。2 因为你们自己清楚知道,主的日子来到,就像夜间的贼来到一样。3 人正在说平安稳妥的时候,毁灭性的灾祸就突然临到他们,好象生产的痛苦临到怀胎的妇人一样,他们绝不能逃脱。4 但是弟兄们,你们不在黑暗里,以致那日子会临到你们像贼来到一样。5 你们都是光明之子、白昼之子;我们不是属于黑夜的,也不是属于黑暗的。6 所以,我们不要沉睡像别人一样,总要警醒谨慎。7 因为睡觉的人是在晚上睡,醉酒的人是在晚上醉;8 但我们既然属于白昼,就应当谨慎,披上信和爱的胸甲,戴上救恩的盼望作头盔。9 因为 神不是定意要我们受刑罚"刑罚"原文作"忿怒",而是要我们借着我们的主耶稣基督得着救恩。10 基督替我们死,使我们无论是醒着或睡着,都和他一同活着。11 所以,你们应该彼此劝慰,互相造就,正如你们一向所行的。
训勉和祝福
12 弟兄们,我们求你们要敬重那些在你们中间劳苦的人,就是在主里面治理你们、劝戒你们的人。13 又因为他们的工作,你们要用爱心格外尊重他们。你们应当彼此和睦。14 弟兄们,我们劝你们,要警戒游手好闲的人,勉励灰心丧志的人,扶助软弱无力的人,也要容忍所有的人。15 你们要注意,不管是谁都不要以恶报恶,却要在彼此相处和对待众人这方面,常常追求良善。
16 要常常喜乐,17 不住祷告,18 凡事谢恩;这就是 神在基督耶稣里给你们的旨意。19 不要熄灭圣灵的感动。20 不要藐视先知的话语。21 凡事都要察验,好的要持守,22 各样的恶事要远离。
23 愿赐平安的 神亲自使你们完全成圣,又愿你们整个人:灵、魂和身体都得蒙保守,在我们的主耶稣基督再来的时候,无可指摘。24 那呼召你们的是信实的,他必成就这事。
25 弟兄们,请为我们祷告。
26 要用圣洁的亲吻问候众弟兄。27 我凭着主吩咐你们,要把这封信读给众弟兄听。
28 愿我们主耶稣基督的恩惠与你们同在。