1 ထိုကြောင့် ငါသည် တစ်ဖန် မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တစ်ယောက်တည်းကျန်ရစ်၍ နေခြင်းငှာ အလိုရှိ၏။- 2 ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏အမှုတော်ကို လုပ်ဖော်ဆောင်ဖက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။- 3 ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း၊ သင်တို့ကိုမြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှာ သူ့ကို ငါလွှတ်လိုက်၏။- 4 ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့်အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ၏။- 5 စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှာ ငါစေလွှတ်၏။
6 ယခုမူကား၊ တိမောသေသည် သင်တို့ထံက ပြန်လာ၍၊ သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း တည်သည်ဟူ၍လည်းကောင်း၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာ အောက်မေ့ကြသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသည်ရှိသော်၊- 7 ညီအစ်ကိုတို့၊ ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင်၊ သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ၏။- 8 ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။- 9 ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။- 10 သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညမပြတ် အလွန်တရာ ဆုတောင်းပတ္ထနာပြု၍ နေကြ၏။
11 သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ်သည် ပြင်ဆင်တော်မူပါစေသော။- 12 ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံခိုင်ခံ့စိမ့်သောငှာ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကိုလည်းကောင်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။
派提摩太前往
1 我们既然不能再忍下去,就决定留在雅典,2 派我们的弟兄,就是在基督的福音上和 神同工的提摩太去,为了要在你们的信仰上坚定你们,劝慰你们,3 免得有人在各样的患难中动摇了。你们自己知道,我们受患难原是命定的。4 我们在你们那里的时候,早已对你们说过,我们将会遭受患难。后来应验了,这是你们知道的。5 因此,我既然不能再忍下去,就派人去打听你们的信心怎样;恐怕那试探人的诱惑了你们,以致我们的劳苦白费了。
6 提摩太刚刚从你们那里回来,把你们信心和爱心的好消息带给我们。他还说,你们常常怀念我们,切切想见我们,好象我们想见你们一样。7 所以弟兄们,我们在这一切困苦患难中,因着你们的信心就得了安慰。8 如果你们在主里站立得稳,我们就可以活下去了。9 我们因你们的缘故,在我们的 神面前满有喜乐;为这一切喜乐,我们可以为你们向 神献上怎么样的感谢呢!10 我们昼夜迫切祈求,要见你们的面,并且要补满你们信心的不足。
11 愿我们的父 神自己和我们的主耶稣为我们开路,使我们可以到你们那里去。12 又愿主叫你们彼此相爱的心,和爱众人的心,都充充足足,多而又多,好象我们爱你们一样。13 也愿他坚定你们的心,好叫你们在我们主耶稣和众圣徒再来的时候,在我们的父 神面前,完全圣洁,无可指摘。