ပသခါပွဲတော်သီချင်း
1 ဣသရေလအမျိုး၊ ယာကုပ်အနွယ်သည် ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်ကထွက်သွားသောအခါ၊ထွ၊ ၁၂:၅၁။2 ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။ 3 ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏။ထွ၊ ၁၄:၂၁၊ယောရှု၊ ၃:၁၆။4 တောင်ကြီးတို့သည် သိုးကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ကြ၏။ 5 အချင်းပင်လယ်၊ သင်ပြေးသည်အကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့်သည်အကြောင်း၊ 6 အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့သည် သိုးသငယ်ကဲ့သို့ခုန်ကြသည်အကြောင်းကား အဘယ်သို့နည်း။ 7 အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ်အမျိုးကိုးကွယ်သော ဘုရားသခင်၏မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။ 8 ဘုရားသခင်သည် ကျောက်ကိုရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။ထွ၊ ၁၇:၁-၇၊တော၊ ၂၀:၂-၁၃။
颂赞 神领以色列出埃及
1 以色列出了埃及,
雅各家离开了说外国语言的人民的时候,
2 犹大就成了主的圣所,
以色列成了他的王国。
3 大海看见就奔逃,
约旦河也倒流。
4 大山跳跃像公羊,
小山蹦跳像小羊。
5 大海啊!你为甚么奔逃?
约旦河啊!你为甚么倒流?
6 大山啊!你们为甚么跳跃像公羊?
小山啊!你们为甚么蹦跳像小羊?
7 大地啊!你在主的面前,
在雅各的 神面前要战抖。
8 他使盘石变为水池,
使坚石变为水泉。