ဘုရား၏ကွယ်ကာရာ
1 အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကိုခိုရလိမ့်မည်။ 2 ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
3 အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်လည်းကောင်း၊ သေတတ်သော အနာနှင့်လည်းကောင်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။ 4 အတောင်တော်အမွေးနှင့် ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ 5 ညအခါဖြစ်တတ်သော ဘေးကိုလည်းကောင်း၊ နေ့အချိန်၌ ပစ်သောမြားကိုလည်းကောင်း၊ 6 မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မကြောက်ရ။ 7 သင်၏အနားမှာ လူတစ်ထောင်၊ သင်၏လက်ယာဘက်မှာ လူတစ်သောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။ 8 သင်သည် ကိုယ်မျက်စိနှင့်ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသောအပြစ်ကို မြင်ရုံမျှသာရှိလိမ့်မည်။ 9 ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရာကျသောကြောင့်၊ 10 သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။ 11 သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဖို့ မှာထားတော်မူသည်ဖြစ်၍၊မ၊ ၄:၆။ လု၊ ၄:၁၀။12 သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။မ၊ ၄:၆။ လု၊ ၄:၁၁။13 သင်သည် ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။လု၊ ၁၀:၁၉။
14 သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့်၊ သူ့ကို ငါချီးမြှောက်မည်။ 15 သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ 16 ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။
亲近 神的必蒙荫庇
1 住在至高者的隐密处的,
必在全能者的荫庇下安居。
2 我要对耶和华说:
"你是我的避难所,我的保障,
你是我的 神,我所倚靠的。"
3 他必救你脱离捕鸟的人的网罗,
脱离致命的瘟疫。
4 他必用自己的羽毛遮盖你,
你要投靠在他的翅膀底下;
他的信实象盾牌,像坚垒。
5 你不必害怕黑夜的惊恐,
或是白日的飞箭;
6 也不必害怕黑暗中流行的瘟疫,
或是在正午把人毁灭的毒病。
7 虽有千人仆倒在你的左边,
万人仆倒在你的右边,
但灾害必不临近你。
8 不过你要亲眼观看,
看见恶人遭报。
9 你既然把耶和华当作自己的避难所,
把至高者当作自己的居所,
10 祸患必不临到你,
灾害必不临近你的帐棚。
11 因为他为了你,会吩咐自己的使者,
在你所行的一切路上保护你。
12 他们必用手托住你,
免得你的脚碰到石头。
13 你必践踏狮子和虺蛇。
你必踏碎少壮狮子和大蛇。
14 耶和华说:"因为他恋慕我,我必搭救他;
因为他认识我的名,我必保护他。
15 他求告我,我必应允他;
他在患难中,我必与他同在;
我必拯救他,使他得尊荣。
16 我必使他得享长寿,
又向他显明我的救恩。"