လူ၏ယုတ်မာခြင်း
1 ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြုတတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။ရော၊ ၃:၁၈။2 သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။ 3 သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သောပညာကို စွန့်လေပြီ။ 4 အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည်တတ်၏။ မကောင်းသောလမ်းသို့ အမြဲလိုက်၍၊ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ။
ထာဝရဘုရား၏ကောင်းမြတ်ခြင်း
5 အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ 6 ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။ 7 အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။ 8 အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။ 9 အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။
10 ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာတော်ကိုလည်းကောင်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ်တော်မူခြင်း တရားကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။ 11 မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါစေနှင့်။ 12 ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ထခြင်းငှာ မတတ်နိုင်ကြပါ။
神的慈爱护庇正直的人
耶和华的仆人大卫的诗,交给诗班长。 1 恶人的罪过在他心中深处说话,
他眼中也不怕 神。本节或译:"我心中深处有话说,是关于恶人的罪过,他眼中不怕 神"
2 罪过媚惑他,
因此在他眼中看来,
自己的罪孽不会揭发,也不会被恨恶。
3 他口中的话语都是罪恶和诡诈,
他不再是明慧的,也不再行善。
4 他在床上密谋作恶,
定意行在不善的道路上,
并不弃绝恶事。
5 耶和华啊!你的慈爱上及诸天,
你的信实高达云霄。
6 你的公义好象大山,
你的公正如同深渊;
耶和华啊!人和牲畜,你都庇佑。
7 神啊!你的慈爱多么宝贵;
世人都投靠在你的翅膀荫下。
8 他们必饱尝你殿里的盛筵,
你必使他们喝你乐河的水。
9 因为生命的泉源在你那里;
在你的光中,我们才能看见光。
10 求你常施慈爱给认识你的人,
常施公义给心里正直的人。
11 求你不容骄傲人的脚践踏"践踏"原文作"临到"我,
不让恶人的手使我流离飘荡。
12 作恶的人必跌倒;
他们被推倒,不能再起来。