ထာဝရဘုရားအားချီးမွမ်းကြလော့
1 သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင်မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။ 2 ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရားသခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်းကြလော့။ 3 တံပိုးမှုတ်လျက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင်းကိုတီးလျက် ချီးမွမ်းကြလော့။ 4 ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကိုတီးလျက်၊ နှဲခရာကိုမှုတ်လျက် ချီးမွမ်းကြလော့။ 5 အသံကျယ်သော သံလွင်ကိုတီးလျက် ချီးမွမ်းကြလော့။ အကြီးဆုံးသောလင်းကွင်းကိုလည်းတီးလျက် ချီးမွမ်းကြလော့။ 6 အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသောပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။
凡有气息的应当赞美 神
1 你们要赞美耶和华。
要在 神的圣所赞美他,
要在他显能力的穹苍下赞美他。
2 要因他大能的作为赞美他,
要因他无限的伟大赞美他。
3 要吹角赞美他,
要鼓瑟弹琴赞美他。
4 要击鼓跳舞赞美他,
要弹奏丝弦的乐器和吹箫赞美他。
5 要用声音洪亮的钹赞美他,
要用声音铿锵的钹赞美他。
6 凡有气息的,都要赞美耶和华。
你们要赞美耶和华。