လူမမာတစ်ဦး၏ဆုတောင်း
1 ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရား ကယ်နုတ်တော်မူမည်။ 2 ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်းသာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။ 3 သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။
4 ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏အနာကို ပျောက်စေတော်မူပါဟု လျှောက်ဆို၏။ 5 ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြုပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။ 6 ငါ့ကို ကြည့်လာသောသူသည် မုသားစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသောအကြံကို ဆည်းပူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဖော်ပြောတတ်၏။ 7 ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကိုရန်ဘက်ပြု၍၊ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးပြောလျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။ 8 သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တစ်ခါလဲလျှင် နောက်တစ်ဖန်မထရဟု ဆိုကြ၏။ 9 အကယ်စင်စစ် ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။မ၊ ၂၆:၂၃။ မာ၊ ၁၄:၁၈။ လု၊ ၂၂:၂၁။ ယော၊ ၁၃:၁၈။10 အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ်ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။ 11 အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အား မနိုင်ကြောင်းကိုထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ်ကိုမြတ်နိုးတော်မူသည်ဟု သိရပါ၏။ 12 ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင်ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထဲမှာ နေရာပေးတော်မူလတ္တံ့။
13 ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။ဆာ၊ ၁၀၆:၄၈။
在病患中祈求康复
大卫的诗,交给诗班长。 1 关怀穷乏人的有福了;
在遭难的日子,耶和华必救他。
2 耶和华要保护他,使他生存;
他在地上要称为有福的;
求你不要照着他敌人的心愿把他交给他们。
3 他患病在床,耶和华必扶持他;
在病榻中你使他恢复健康。
4 至于我,我曾说:"耶和华啊!求你恩待我;
求你医治我,因为我得罪了你。"
5 我的仇敌用恶毒的话中伤我,说:
"他甚么时候死呢?他的名字甚么时候消灭呢?"
6 即使他来看我,说的也是假话;
他把奸诈积存在心里,
走到外面才说出来。
7 所有憎恨我的人,都交头接耳地议论我;
他们设恶计要害我,说:
8 "有恶疾临到他身上;
他既然躺下了,就必一病不起。"
9 连我信任的密友,
就是那吃我饭的,
也用脚踢我。
10 至于你,耶和华啊!求你恩待我,
使我康复起来,好报复他们。
11 因此我就知道你喜爱我,
因为我的仇敌不能向我欢呼夸胜。
12 至于我,你因为我正直,就扶持我;
你使我永远站在你面前。
13 耶和华以色列的 神是应当称颂的,
从永远直到永远。
阿们,阿们。