သနားတော်မူရန်ဆုတောင်း
1 ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။ 2 ကျွန်တို့သည် သခင်လက်ကိုလည်းကောင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းကောင်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။ 3 အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကို ခံရပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။ 4 မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ မာနကြီးသောသူတို့၏ အရှက်ခွဲခြင်းကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဝိညာဉ်သည် အလွန်ခံရပါ၏။
在屈辱中恳求 神施恩
朝圣之歌原文作"往上行之歌"。 1 坐在天上的主啊!
我向你举目。本节在《马索拉文本》包括细字标题
2 仆人的眼睛怎样望着主人的手,
婢女的眼睛怎样望着主母的手,
我们的眼睛也照样望着耶和华我们的 神,
直到他向我们施恩。
3 耶和华啊!求你向我们施恩,求你向我们施恩;
因为我们饱受藐视,到了极点。
4 我们饱受那些安逸的人的嘲笑,
和骄傲的人的藐视,到了极点。