ဒုက္ခရောက်စဉ်ကူမရန်ဆုတောင်း
1 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက်ထွက်၍ ဆုံးမတော်မမူပါနှင့်။ဆာ၊ ၃၈:၁။2 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိရှိစေတော်မူပါ။ 3 အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလပတ်လုံး နေတော်မူမည်နည်း။ 4 အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 5 အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ 6 အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ 7 ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူများကြောင့် ပြာမှုန်လျက်ရှိပါ၏။
8 မတရားသဖြင့် ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော်မူ၏။မ၊ ၇:၂၃။ လု၊ ၁၃:၂၇။9 ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသောပတ္ထနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ 10 ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ချင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။
在悲苦中呼求 神拯救
大卫的诗,交给诗班长,用丝弦的乐器伴奏,调用"舍明尼"。 1 耶和华啊!求你不要在烈怒中责备我,
也不要在气忿中管教我。
2 耶和华啊!求你恩待我,因为我软弱;
耶和华啊!求你医治我,因为我的骨头发抖。
3 我的心也大大战栗,
耶和华啊!要等到几时呢?
4 耶和华啊!求你回转搭救我,
因你慈爱的缘故拯救我。
5 因为在死亡之地无人记念你,
在阴间有谁称谢你呢?
6 我因悲叹而疲惫,
我夜夜流泪,把床漂起,
把床榻浸透。
7 我因愁烦眼目昏花,
因众多的仇敌视力衰退。
8 你们所有作恶的人,离开我去吧,
因为耶和华听了我哀哭的声音。
9 耶和华听了我的恳求,
耶和华必接纳我的祷告。
10 我所有的仇敌都必蒙羞,大大惊惶;
眨眼之间,他们必蒙羞后退。