ကျေးဇူးတော်ချီးမွမ်းသီချင်း
1 ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်းကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းချီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။ 2 ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကယ်တင်တော်မူခြင်းကျေးဇူးကို ခံရကြပါစေသော။ 3 အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ 4 လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်၍၊ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။ 5 အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ 6 မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။ 7 ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
祈愿万民称谢 神
诗歌一首,交给诗班长,用丝弦的乐器伴奏。 1 愿 神恩待我们,赐福给我们,
愿他用脸光照我们,细拉
2 好使全地得知你的道路,
万国得知你的救恩。
3 神啊!愿众民都称谢你,
愿万民都称谢你。
4 愿万族都快乐欢呼,
因为你按正直统管众民,
并引导地上的万族。细拉
5 神啊!愿众民都称谢你,
愿万民都称谢你。
6 地生出土产;
神,就是我们的 神,要赐福给我们。
7 神要赐福给我们,
全地都要敬畏他。
称颂 神的权能与胜利
歌一首,大卫的诗,交给诗班长。