ညဥ့်ယံချီးမွမ်းခြင်း
1 ထာဝရဘုရား၏အိမ်တော်၌ ညဉ့်ယံစောင့်သော ထာဝရဘုရား၏ကျွန်တော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 2 သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ 3 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းချီးပေးတော်မူပါစေသော။
赐福夜间在圣殿侍候的
朝圣之歌原文作"往上行之歌"。 1 耶和华的众仆人哪!
你们要称颂耶和华;
夜间在耶和华殿中侍候的,
你们要称颂耶和华。本节在《马索拉文本》包括细字标题
2 你们要向圣所举手祷告,
称颂耶和华。
3 愿造天地的耶和华,
从锡安赐福给你们。