ထာဝရဘုရားရွေးချယ်သောဘုရင်
1 ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမီတိုင်အောင်၊ ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။မ၊ ၂၂း၂၄။ မာ၊ ၁၂း၃၆။ လု၊ ၂၀း၄၂-၄၃။ တ၊ ၂း၃၄-၃၅။ ၁ကော၊ ၁၅း၂၅။ ဧ၊ ၁း၂၀-၂၂။ ကော၊ ၃း၁။ ဟေ၊ ၁း၁၃၊ ၈း၁၊ ၁၀း၁၂-၁၃။2 ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။ 3 တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ 4 ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။။ဟေ၊ ၅း၆၊ ၆း၂၀၊ ၇း၁၇၊၂၁။5 လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။
6 ငါ၏သခင်သည် တစ်ပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။ 7 လမ်းနားမှာစီးသောရေကိုသောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။
主必得胜并作永远的祭司
大卫的诗。 1 耶和华对我主说:
"你坐在我的右边,
等我使你的仇敌作你的脚凳。"本节在《马索拉文本》包括细字标题
2 耶和华必使你从锡安伸出能力的权杖,
你要在你的仇敌中掌权。
3 在你征战的日子,你的人民都乐意投身;
你的少年人以圣洁为装饰,
好象清晨的甘露,到你那里。
4 耶和华起了誓,就决不反悔;
他说:"你永远作祭司,
是照着麦基洗德的体系。"
5 主在你右边,
在他发怒的日子,必剿灭列王。
6 他必在列国中施行审判,
尸首就遍满各处;
他要剿灭地上各处的首领。
7 王要喝路旁的河水,
因此他必挺胸昂首。