ဘုရားရှင်ကိုကိုးစားခြင်း
1 အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ 2 ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ 3 ပြည်တော်၌နေသောသန့်ရှင်းသူနှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။ 4 အခြားသောလမ်းသို့ လိုက်ပြေးသောသူတို့သည် များစွာသောဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သကာအသွေးကို မလှူမဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။ 5 ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။ 6 ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7 ငါ့ကိုပြုစုတော်မူသော ထာဝရဘုရားကို ကောင်းချီးပေးမည်။ ညအချိန်၌ပင် ငါ့နှလုံးသည် ငါ့ကိုနှိုးဆော်တတ်၏။ 8 ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည်သာယာခြင်း၊ 9 ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး၊ ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ 10 အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊တ၊ ၁၃:၃၅။11 အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။တ၊ ၂:၂၅-၂၈။
神是一切福乐之源
大卫的金诗。 1 神啊!求你保守我,因为我投靠你。本节在《马索拉文本》包括细字标题
2 我"我"有古抄本作"你"曾对耶和华说:"你是我的主,
我的好处不在你以外。"
3 至于世上的圣民,
他们都是尊贵荣美的人,全是我所喜爱的。
4 追求别神的,他们的愁苦必定加多。
他们所奠的血祭,我不祭奠;
我的嘴唇也不提别神的名。
5 耶和华是我的产业,是我杯中的分;
我所得的业分,你亲自为我持守。
6 准绳量给我的是佳美之地,
我的产业实在令我喜悦。
7 我要称颂那指导我的耶和华,
我的心在夜间也劝戒我。
8 我常常把耶和华摆在我面前,
因他在我右边,我必不会动摇。
9 为此我的心快乐,我的灵"灵"或译:"荣耀"或"肝";与30:12,57:8,108:1同欢欣,
我的肉身也必安然居住。
10 因为你必不把我的灵魂撇在阴间,
也必不容你的圣者见朽坏"朽坏"或译:"深渊"。
11 你必把生命的路指示我,
在你面前有满足的喜乐,
在你的右手中有永远的福乐。