ထောမနာသီချင်း
1 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ 2 ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ 3 ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။ 4 ကျေးဇူးတော်ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို ကောင်းချီးပေးကြလော့။ 5 အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေသတည်း။၅ ရာ၊ ၁၆:၃၄၊၆ ရာ၊ ၅:၁၃၊၇:၃၊ဧဇ၊ ၃:၁၁၊ဆာ၊ ၁၀၆:၁၊၁၀၇:၁၊၁၁၈:၁၊၁၃၆:၁၊ယေ၊ ၃၃:၁၁။
当歌颂敬拜美善的 神
感恩诗。 1 全地应当向耶和华欢呼。本节在《马索拉文本》包括细字标题
2 应当欢欢喜喜事奉耶和华,
欢唱着到他的面前。
3 要知道耶和华是 神;
他创造了我们,我们是属他的"我们是属他的"有古抄本作"不是我们自己";
我们是他的子民,也是他草场上的羊。
4 应当充满感恩进入他的殿门,
满口赞美进入他的院子;
要感谢他,称颂他的名。
5 因为耶和华本是美善的,
他的慈爱存到永远,
他的信实直到万代。