ထောမနာသီချင်း
1 လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။ 2 ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။ 3 ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏။ 4 မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။ 5 ပင်လယ်ကိုလည်း ဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။ 6 လာကြ။ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ 7 ထာဝရဘုရားသည် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသောသိုးစုဖြစ်ကြ၏။ 8 ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ဟေဗြဲ၊ ၃:၁၅၊၄-၇။9 သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ထွ၊ ၁၇:၁-၇၊တော၊ ၂၀:၂-၁၃။10 ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် စိတ်သဘော မှားယွင်းတတ်သောလူမျိုးဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။ 11 ထိုကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။တော၊ ၁၄:၂၀-၂၃၊တရား၊ ၁:၃၄-၃၆၊ဟေဗြဲ၊ ၄:၃၊၅၊တရား၊ ၁၂:၉-၁၀။
尊崇施行拯救的 神
1 来吧,我们来向耶和华歌唱,
向拯救我们的盘石欢呼。
2 我们要来到他面前称谢他,
用诗歌向他欢呼。
3 因为耶和华是伟大的 神,
是超越众神的大君王。
4 地的深处在他手中,
山的高峰也都属他。
5 海洋属他,因为是他创造的,
陆地也是他的手造成的。
6 来吧,我们来俯伏敬拜,
在造我们的耶和华面前跪下。
7 因为他是我们的 神,
我们是他草场上的子民,
是他手下的羊群。
如果你们今天听从他的声音,
8 就不要硬着心,好象在米利巴,
就是在旷野的玛撒的日子一样。
9 在那里你们的祖先虽曾见过我的作为,
还是试探我,考验我。
10 四十年之久,我厌恶那个世代的人;
我曾说:"他们是心里迷误的人民,
不认识我的道路。"
11 所以我在忿怒中起誓,说:
"他们绝不可进入我的安息。"