တရားမျှတမှုအတွက်ဆုတောင်း
1 ဘုရားသခင်သည် ဘုရားတို့၏ပရိသတ်၌ ရပ်လျက်နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။
2 သင်တို့သည် မတရားသောသူတို့၏မျက်နှာကိုထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။ 3 ဆင်းရဲသောသူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူတို့ဘက်၌ တရားစီရင်ကြလော့။ 4 ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏လက်မှ ကယ်နုတ်ကြလော့။ 5 သူတို့သည် မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။ 6 သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ ဟုငါဆိုသတည်း။ယော၊ ၁၀:၃၄။7 သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသောမင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။
8 အိုဘုရားသခင်၊ ထ၍ မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။
祈愿 神审判不公的领袖
亚萨的诗。 1 神站在大能者的会中,
在众神之中施行审判,说:本节在《马索拉文本》包括细字标题
2 "你们不按公义审判,
偏袒恶人,要到几时呢?
细拉
3 你们要为贫寒的人和孤儿伸冤,
为困苦和穷乏的人伸张正义。
4 要搭救贫寒和穷困的人,
救他们脱离恶人的手。"
5 他们没有知识,也不明白,
在黑暗中走来走去;
大地的一切根基都摇动了。
6 我曾说过:"你们都是神,
是至高者的儿子。
7 然而,你们要像世人一样死亡,
像世上任何一位领袖一样倒毙。"
8 神啊!求你起来,审判大地,
因为万国都是你的产业。